((( -မပြီးဆုံးလေသောအဆိုးလောကဓံနှင့် ပြုသူအသစ် ဖြစ်သူအဟောင်း -၁၁-)))

((( -မပြီးဆုံးလေသောအဆိုးလောကဓံနှင့် ပြုသူအသစ် ဖြစ်သူအဟောင်း -၁၁-)))
.......လူမျိုး ဘာသာ ဓလေ့ထုံးစံရိုးရာများနှင့်မပတ်သက်သောဘဝနေနည်းများလမ်းညွှန်ရာအမှတ်(ခ)အရှေ့မုခ်၊မိုးကောင်းဘုရား ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့ရှိကျွန်ုပ်၏ဟောခန်းလေးအတွင်းတပည့်ဖြစ်သူနှင့်(မပြီးဆုံးလေသောအဆိုးလောကဓံနှင့်ပြုသူအသစ်ဖြစ်သူအဟောင်း) ဆောင်းပါး အကြောင်းအောက်ပါအတိုင်းပြန်လည်ပြောပြလိုက်ရပေသည်။
((( ဒီလို မောင်ရာဇာရဲ့ဒီနေ့ထိ ဆရာရေးခဲ့တဲ့ (မပြီးဆုံးလေသောအဆိုးလောကဓံနှင့်ပြုသူအသစ်ဖြစ်သူအဟောင်း)ဆောင်းပါးတွေ အဆက်မပြတ်ဖတ်နေတဲ့သူတွေကတော့-အသိတခုရနိုင်ပါစေတော့ရယ်လို့ ရည်ရွယ်ပြီးရေးနေတာပါ။)))
(ဘယ်လို အသိမျိုးလည်း ဆရာ ထူးထူးခြားခြား ဘာတွေများရေး ခဲ့လို့လည်း )
((( ရေးတာကတော့ နေ့စဉ်တွေ့မြင်နေရတဲ့ အကောင်းအဆိုးလောကဓံအကြောင်းပါဘဲ၊ဒါပေမဲ့တွေးတတ်မြင်တတ်မယ်ဆိုရင် လောကတရားလို့ပြောလို့ရနိုင်တဲ့အသိတခုပေါ့။ ဥပမာ မတွေ့ခြင်လို့မရတဲ့အကောင်း-အဆိုးလောကဓံအကြောင်းတွေဘဲဆိုပါတော့၊ဆိုင်ခန်းတွေစ ပြောင်းချိန် ကနေခုထိတွေ့နေရတဲ့အဆိုးလောကဓံဟာ ဒီနေ့အထိဒီလိုတွေ့နေရပါတယ်ဆိုတာဒီဆောင်းပါးကိုလေ့လာ ဖတ်ရှုနေသူတွေသိစေချင်တာပါ။)))
( ဆရာ့ဆောင်းပါးတွေ ဒီလောက်ရေးနေတာ ဆရာ့ဆီ-ဝေဖန် အကြံပြုတာမျိုးတွေ မလာဘူးလားဆရာ)
((( -ဝေဖန် အကြံပြုတာမျိုးတွေလား လာပါသော်ကောမောင်ရင်ရယ်၊လာသမှ အယူအဆ ခံယူချက်အမျိုးမျိုးနဲ့ ပြောရင်ရုံစရာ မရှိအောင်ပါဘဲ၊အဲဒီအကြောင်း နောင်မှသီးသန့်ရေးပါဦးမယ်။ဒါကြောင့်လည်းမိတ်ဆွေတယောက်ပြောသလိုဖြစ်နေတာပေါ့)))
( ဆရာ့မိတ်ဆွေက ဘာပြောလို့လည်းဆရာ)
((( ဆရာရေ ဆရာ့ဆောင်းပါးတွေကို လူများများဖတ်စေချင်ရင် ပညာရပါစေတော့ဆိုပြီး-စေတနာ-မေတ္တာ-သဒ္ဒါ-တွေထားမနေနဲ့ဆရာ ခေတ်နဲ့အညီ အများနည်းတူ ဒီယတြာ-လုပ်ရင်-ဒါတွေဖြစ်မယ်။ဒီယတြာလုပ်လိုက်ရင် ဒီအခက်အခဲတွေကလွတ်မယ်ဆိုတဲ့စိတ်ပြေ လက်ပျောက်ဒုက္ခ္ခရောက်စေတဲ့ -လူပြိန်းကြိုက်ရေး ဆရာ လူပြိန်းတွေကပိုများတယ်။ဆိုဘဲ-)))
( ဆရာ့မိတ်ဆွေပြောလည်းပြောစရာဘဲဆရာ၊ဘာဖြစ်လို့လည်းဆိုတော့ ခုချိန်ထိ-ဆရာ့ဆောင်းပါးတွေမှာ(ယတြာ)ရေးတာမတွေ့ရသေးဘူး ၊လူတွေကလည်း ယတြာစောင့်ဖတ်နေကြတာတချိန်မှာဘာဖြစ်လို့မရေးတာလည်းဆရာ)
((( ဆရာ့အယူအဆလမ်းညွှန်မှုကိုက ကြိုတင်ကာကွယ်လိုက်နာခြင်းကိုဦးစားပေးထားလို့ပါ။နောက်တချက်ကလူတွေလုပ်ခြင်ရာ တွေရှောက်လုပ်ပြီးမှဖြစ်စေသတည်းဆိုတဲ့မဖြစ်နိုင်တဲ့ (ယတြာ)မျိုးတွေကိုရေးရမှာရှက်လို့ပါ)))
(ဒါဖြင့်(ယတြာ)လုပ်တာအလကားလို့ဆိုလိုတာလားဆရာ)
((((ယတြာ)လုပ်တာအလကားလို့ဆိုလိုတာမဟုတ်ပါဘူး၊ယတြာဆိုတာ လုပ်တိုင်းဖြစ်မြောက်တာမဟုတ်တာရယ်၊လူတွေကိုယ်တိုင်မ လိုက်နာဘဲလုပ်ခြင်ရာတွေလုပ်ပြီးယတြာကြောင့်ဒီဒုက္ခ အခက်အခဲ တွေကလွတ်မြောက်မယ်ထင်နေကြမှာစိုးရိမ်လို့ပါ )))။
(ယတြာမရေးတဲ့ အကြောင်းကတော့ ဟုတ်ပါပြီ အဆိုးလောကဓံအကြောင်းလေးဆက်ပါဦးဆရာ)
((( ဆရာ့ဆောင်းပါးတွေမှာ အမြဲရေးပြီးသတိပေးလေ့ရှိတာက ဆရာ့ဆီရောက်လာတဲ့အဆိုး လောက ဓံကိုဘဲမြင်အောင်ကြည့်တတ်ဖို့လိုတယ်၊ တဖက်လူကိုသွားအာရုံမစိုက်လိုက်နဲ့ ရှုတ်ကုန်မယ်။သူ့အကြောင်း နဲ့သူသွားလိမ့်မယ်။ဒီလိုလူမျိုးတွေ ဆရာ့အခန်းထဲမှာသူတို့အတွက်ရေးထား တဲ့စာကိုဖတ်လိုက်ရရင် သေခြင်(၃)မျိုးထဲသေခြင်းတမျိုးနဲ့တွေ့ပြီးလူညွန့်တုံးသွားကြတာများပါတယ်။ဒုက္ခဆိုတာ ကိုယ်နဲ့အတူရှိနေတယ်ဆိုတာလေ၊ အကောင်းအဆိုးလောကဓံကမတွေ့ချင်လို့မရဘူးဆိုတာ ကိုယ်တွေ့တွေရေးပြနေတာပါ၊မိမိတို့ကိုယ်တိုင်ကြုံတဲ့အခါ ခံနိုင်ရည်ရှိအောင်ပါ။ခုကြည့်လေ။ဘုရားမှာ မုခ်(၄)မုခ်ရှိတယ်၊ဆရာတို့ဆောင်းတန်းမှာဆိုင်ခန်း(၂၆)ခန်းရှိတယ်၊(တိဗွီ)ပြင်တဲ့ဆိုင်ဟာဆရာ့ဆိုင်ရှေ့ကိုရောက်လာတယ်။ပစ္စည်းတွေရှုပ်-လူတွေရှုပ်စက်ပြင်တဲ့အသံတွေကိုနေ့စဉ်တွေ့မြင်ခံစားနေရသလိုတိုက်တိုက်ဆိုင်ဆိုင်အရှေ့ဘက်မုခ်က(ပန်းခြံ)ကိုပြုပြင်တည်ဆောက်နေကြတာ(ဝါတွင်း)ကနေဒီနေကထိဘဲ၊ပြုပြင်တည်ဆောက်တာကိုအကြောင်းပြပြီး မိသားစုအပန်းဖြေအနားယူဖို့လုပ်နေတဲ့အတိုင်းဘဲ။ပြုပြင်တည်ဆောက်ထားတာကတော့ မထင်ရက်စရာဘဲ။သစ်ပင်ပန်းပင်အသီး အနှံတွေနဲ့ ငှက်လေးတွေယုံလေးတွေတောင်မွေးထားပေးသေးတယ်။)))။
(ဆရာပြောတာကျနော်တောင် ခုချက်ခြင်းသွားကြည့်ချင်စိတ်ပေါ်လာပြိဆရာ)
((( မပူပါနဲ့မောင်ရင် ကြည့်ရမှာပါ၊ဒါပေမဲ့ ဆရာပြောတာကိုနားထောင်ပြီးရင် မောင်ရင်စိတ်ပြောင်းသွားမှာပါ။)))
( ဆရာပြောသလိုဆိုရင် ဒီလောက် ပြုပြင်တည်ဆောက်ထားတာ ဘာစိတ်ကူးပြောင်းစရာလိုမလည်းဆရာ)
((( ဒါကမောင်ရင်နဲ့ အပြင် လူတွေအမြင်ပါ။တကယ်တော့ ပန်းခြံပြုပြင်မှုအကြောင်းပြပြီးအထဲမှာ သန်ပန်းသံတခါးလုပ်ငန်းကိုမသိမသာ အခြေလာချလုပ်ကိုင်နေတာပါ။လူမျိုးခြား(တရုတ်-)တယောက်နဲ့လူမျိုးခြား(ကုလား)တယောက်၊နှစ်ယောက်ပေါင်းပြီးလုပ်နေတာပါ။တကယ်ဆိုရင်သူတို့
ဘုရားကျောင်း-သူတို့ ဘုံကျောင်းတွေမှာသွားလုပ်မှာပေါ့။ဘာဖြစ်လို့တို့ဘုရားပန်းခြံမှာလာလုပ်တာလည်းဆိုတာရှင်းပါတယ်။)))
(ဘုရားမှာတာဝန်ရှိသူတွေက ဒါတွေကိုမသိကြဘူးလားဆရာ၊ )
((( မသိဘဲနေပါ့မလားမောင်ရင်ရယ် ထုံးစံအတိုင်း နယ်ခံ(ခေါ်)အတွင်းလူကတော့ပါရတာပေါ့။၊ဘုရားရင်ပြင်အရှေ့မုခ်လှေခါးပေါ်က ဆင်းရင်မြင်နေရတဲ့သံပန်းတခါးပေါက်ကို အတွင်းပိုင်းမှာ သူတိုလုပ်ကိုင်နေထိုင်နေတာတွေမမြင်ရအောင်သွပ်ပြားထပ်ကာ လိုက်တာ လူတိုင်းသိနေ မြင်နေတာဘဲ၊ဒီလိုဘဲ လည်သလိုလုပ်စားနေကြတာဘဲ၊ ဒါကသူတို့အပိုင်းပါ။ဆရာနဲ့ပတ်သက်နေတာက ဆရာတွေ့နေရတဲ့ အဆိုး လောကဓံအကြောင်းပါ။ တရားတွေ သီချင်းတွေကို အချိန်အခါမရွေး အသံကျယ်ကျယ်နဲ့ ဖွင့်ခြင်တိုင်းဖွင့်နေတာရယ်၊-(((ဘုရားဝင်းအတွင်း-စကားတိုးတိုးပြောပါ။ဘိနပ်ချွတ်ပါ-)))ဆိုတဲ့စာကပ်ထားပြီး သူတို့ကိုယ်တိုင်အော်ဟစ်ပြော ဆိုနေတာနေ့စဉ်နဲ့အမျှဘဲ။အသံကလည်းကျယ် စကားပြောတိုင်း အဆဲလေး အဆိုလေးနဲ့ဆိုတော့ စဉ်းစားကြည့်ပေါ့ မောင်ရင် တခါတလေဆရာ့ဆီလာတဲ့ဧည့်သည်တွေက တောင်ပြောလာ တဲ့အဆင့်ဖြစ်လာပြီ၊)))
(ဆရာရယ် ဘုရားနယ်မြေမှာ အသံကလည်းကျယ် စကားပြောတိုင်း အဆဲလေး အဆိုနဲ့ဆိုတာတော့ထားပါတော့ တရားဖွင့်တာက တော့ပြောလို့ဘယ်ကောင်းမလည်း)
((( ဘုရားနယ်မြေမှာ တရားဖွင့်တာကတော့ပြောလို့ဘယ်ကောင်းမလည်းဆိုတာ ဘာကိုပြောချင်တာလည်းမောင်ရင် )))
( ဒီလိုပါဆရာ ဗုဒ္ဓဘာသာတယောက်အနေနဲ့ ဘုရားနယ်မြေဘဲ တရားဖွင့်တာကတော့ပြောလို့ဘယ်ကောင်းမလည်းလို့ပြောတာပါ)
((( ဗုဒ္ဓဘာသာတယောက်ဖြစ်နေလို့ ဘုရားနယ်မြေဘဲ ခုလိုမလိုအပ်ဘဲတရားဖွင့်တာကိုပြောရတာပေါ့၊ အချိန်အခါမရွေး လူအနားမှာရှိရှိ မရှိရှိတရားဖွင့်ထားလိုက်တာဘဲ။ကိုယ်ကြားနိုင်လောက်အောင်ဖွင့်တာမဟုတ်ဘူး၊ ဖွင့်ခြင်တဲ့ အသံအတိုင်း အတိုင်းအဆ မရှိဖွင့်နေလို့ပြောရတာပါ၊ ဒီဘက်မှာစကားတောင် အော်ပြောနေရတာဆိုတော့ ဆရာ့အလုပ်နဲ့မောင်ရင်စဉ်းစားကြည့်လေ။ဘုရားရိပ်တရားရိပ်ဆိုတာ အေးချမ်းနေ မယ်လို့ထင်နေကြ တဲ့သူတွေကို အသိဥာဏ်မရှိတဲ့ ဒီလိုလူမျိုးတွေ နဲ့ ဘုရားမြေမှာ ဒီလိုအဖြစ်မျိုးတွေဖြစ်နေတာတွေ မြင်စေချင်တယ်၊ )))
(ဒီလိုဆိုရင်တော့..ဘုရားပန်းခြံလေးက သူတို့သံပန်းသံတခါးလုပ်ငန်းဌာနနဲ့.သူတို့မိသားစုတွေ-အနားယူအပန်းဖြေတဲ့ပန်းခြံလေး လိုဖြစ်နေမှာပေါ့.ဆရာ )။
(((-ပြောနေတာကမှကြာသေးတယ်၊ ဆရာ့ဆီရောက်လာတဲ့ အဆိုးလောကဓံကို ကိုယ်တိုင်သာ သွားကြည့်လိုက်ပါတော့မောင်ရင်ရယ်)))။
ကြိုက်နောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးရန်

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

(( တနင်္လာသားသမီးများနှင့်(ကြာသပတေး)သားသမီးများ)) --အိမ်ထောင်ဘက်}}ရွေးနည်း))