-ကျွန်ုပ်နှစ်သက်မိသောဆောင်းပါးများ-မှ-((( နတ်စုတ်နဲ့လူပဲ့များကို-))) ဖောင်းထုခြင်းနေသည်။

U Tun Yeeသည်စာစု2ခုအသစ်တင်ခဲ့သည်။
U Tun Yee အထိ ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း) နဝင်းစီးပညာအသင်း
---Yae Tay Za သည် KoKyaw Thurein အပါအဝင်
အခြား 7 ယောက် တို့နှင့်အတူ-((( နတ်စုတ်နဲ့လူပဲ့များကို-)))
ဖောင်းထုခြင်းနေသည်။

----(---14 သြဂုတ် 2016---)----
............... ·
အို..သင်္ဃန်းခြုံနှင့် မျိုးချစ်အပေါင်းတို့..
ဘုရားစောင်းတန်းက
ဘာသာခြားဈေးသည်ကို အသာထားလို့
တောင်ပြုန်းပွဲကိုတခေါက်
အရောက်လာခဲ့စေချင်တယ်။
မဘသမကောင်းကြောင်းပြောရင်
ဝက်သားပုံတကားကားနဲ့
ကုလား၊ ကုလားလို့ အော်နေမယ့်အစား
ဝက်သားမကြိုက်တဲ့
မင်းကြီးမင်းလေးတို့နန်း
တခါလောက် လှမ်းခဲ့စေချင်တယ်။
ရွှေတိဂုံစောင်းတန်းက
ဘာသာခြားဆီက
ဖောက်သည်ယူတဲ့ဈေးသည်ကို ခဏမေ့လို့
ဘယ်ဘာသာဝင်မှန်းမသိတဲ့
ငပျင်းနတ်နှစ်ပါးကို
ခဏလောက် လာဖူးကြပါလား။
အမျိုးဘာသာသာသနာအတွက်လို့
လိပ်ခေါင်းထွက်မတတ်အော်နေမယ့်အစား
ဗုဒ္ဓဘာသာလမ်းစဉ်နဲ့
လားလားမှ မအပ်စပ်တဲ့ တောင်ပြုန်းပွဲကို
ပြေးတက်ကြပါလား။
လွတ်လပ်ရေးအတွက်
ကြိုးပမ်းရင်း အသက်ပေးဆပ်ခဲ့ကြတဲ့
အာဇာနည်ကိုးဦးထဲက
မွတ်ဆလင်ဘာသာခြားနှစ်ဦးကို လျှော့မယ့်အစား
၃၇ မင်းသော နတ်အပေါင်းကို
သမိုင်းလှန်ကြပါလား။
သင်္ဃန်းကြီး တလွှားလွှား
လွယ်အိတ်ကြီး တကားကားနဲ့
အချိန်မတော် ဧည့်စရင်းစစ်ကြမယ့်အစား
အတွင်းအပြင် ၇၄ မင်းကို
ဧည့်စရင်းစစ်ကြည့်ကြပါလား။
အုတ်နှစ်ချပ်တောင် တာဝန်မကျေခဲ့လို့
အပြစ်ပေး အသတ်ခံလိုက်ရတဲ့
ဘာသာခြား ငပျင်းနှစ်ကောင်ရုပ်တုတွေရှေ့
ဖင်ဘူးထောင် ထောင်နေကြတဲ့
ဗုဒ္ဓဘာသာဝင်တွေကို
ဂုတ်ဆွဲပြီး ဒူးနဲ့သွားတိုက်ကြပါလား။
တိုင်းပြည်တိုးတက်ရေးအတွက်
ပေးဆပ်ခဲ့ကြတဲ့ သူတွေကို
သောက်ဖောင်းထုနေမယ့်အစား
ဘယ်တုန်းကမှ
ရာဇဝင်ထဲမှာတောင်
ကူညီဖော်မရဖူးတဲ့
တောင်ပြုန်းက ကိုငွေဖြုန်းနှစ်ကောင်ကို
သွားနှင်ထုတ်ကြပါလား။
ပိုက်ဆံ ကြဲပါဗျို့.. ပိုက်ဆံကြဲပါဗျို့လို့
ပြောစမှတ်တွင်အောင် နာမည်ကြီးတဲ့
သူတောင်းစားပေါကြောင်း ကြွားတဲ့ပွဲတော်...
ဘုရားစူး ဗုဒ္ဓဘာသာဝင်တွေရဲ့
ဘာသာခြားနတ်ဆီမှာ
သိဒ္ဓိတင်တဲ့ ပွဲတော်...
သိကြားမင်းကတောင်
ရှိခိုးထိုက်တဲ့ လူစင်စစ်တွေက
အစိမ်းသေနတ်ငပျင်းတွေကို ကိုးကွယ်ကြတဲ့ပွဲတော်...
အံ့သြစရာ ကုန်နိုင်ဖွယ်အတိနဲ့
အမျိုးဘာသာသာသနာချစ်တွေက
မမြင်ချင်ယောင်ဆောင်ပေးရတဲ့
သာသနာညိုးနွမ်းစေတဲ့ ပွဲတော်....
ငွေကုန်
လူပမ်း
သာသနာနွမ်းစေတဲ့
မထော်မနန်းတွေရဲ့
ကစော်စခန်းကိုမှ
အပျော်လှမ်းနေကြသူတွေကလည်း ရှိပြန်တော့
အော်...
အံ့တွေလည်း သြရပါတယ် ဗုဒ္ဓဘာသာတို့ရယ်လို့သာ။

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-