((( ၃/၁-ယှဉ်ပြိုင်စိတ်ကြီးသူ တယောက်-အတွက် ------------------ စေ့စေ့တွေးရေးရေးမြင် ... ))) ........................
((( ၃/၁-ယှဉ်ပြိုင်စိတ်ကြီးသူ တယောက်-အတွက်
------------------ စေ့စေ့တွေးရေးရေးမြင် ... )))
........................
လူမျိုးဘာသာဓလေ့ထုံးစံ ရိုးရာများနှင့်မပတ်သက်သောဘဝနေနည်းများလမ်းညွှန်ရာအမှတ်(ခ) အရှေ့မုခ်၊မိုးကောင်း ဘုရားရန်ကင်း မြို့နယ်၊ရန်ကုန်မြို့ရှိကျွန်ုပ်၏ဟောခန်းလေးအတွင်းတပည့်ဖြစ်သူနှင့်ပြောဖြစ်နေသောအကြောင်းအရာကား...
(((လူတွေအကြောင်းဥာဏ်စိုက်ပြီး ကြည့်တတ်တွေးတတ်ရင်နေ့စဉ်တွေ့နေရတဲ့အကြောင်းကို-စေ့စေ့တွေးရေးရေးမြင်-ဆိုတဲ့ခေါင်းစဉ်နဲ့ရေးနေတာပါ မောင်ရင်)))
(ဒါဆိုလည်းထုံးစံ အတိုင်းကျနော့်ကိုအရင်ပြောပြပါလားဆရာ)
(((မောင်ရင်ဒီလိုပြောမှပြောပါ့မလားလို့စဉ်းစားနေတာ)))
(ဘာဖြစ်လို့လည်းဆရာ)
(((ဘာဖြစ်လို့လည်း ဆိုတော့ဒီနေ့ရေး နေတာမောင်ရင့်အကြောင်းဖြစ်နေလို့ဘဲ)))
(ဟာ---ဆရာကတော့လုပ်ပြီ၊ တခြားအကြောင်းရေး ပါဆရာရယ်၊ကျနော့်အကြောင်း တော့မလုပ်ပါနဲ့)
(((မောင်ရင့်ဘဝကိုမောင်ရင်ဘယ်လိုပြုပြင်နေ ထိုင်ခဲ့ရတယ်ဆိုတာ ဂုဏ်တောင်ယူရဦးမယ်၊ ကျေကျေနပ် နပ်ကြီးဂုဏ်ယူတတ်စမ်းပါ မောင်ရင်ရယ်)))
( ကဲ--ပြောမရမဲ့အတူတူရေးမှတော့ဆရာအမှန်အတိုင်းသာ ရေးနော်၊ဒါမှနောက်လူတွေဆင်ခြင် လို့ရမှာပေါ့)
(((စိတ်ချစမ်းပါ မောင်ရင်--မောင်ရင်ဆရာ့ဆီမရောက်ခင်ကစာအုပ်ဆိုင်လေးဖွင့်နေတာ မဟုတ်လား၊ ဗေဒင်စာအုပ်တွေဖတ်ဗေဒင်တွေလိုက်မေးရင်း လွယ်မယ်ထင်ပြီး ဗေဒင်ဆရာလုပ်ပြီး ဗေဒင်ဟောစား မယ်ဆိုပြီးရောက်လာတဲ့အကြောင်းကစမှာဘဲ။အဲဒီအကြောင်းဆောင်းပါးရေးပြီးသားပြန်ရှာ ဖတ်ပေါ့ ကွာ။))
-(ပြောသာပြောပါဆရာဆရာအ ဆင်ပြေမယ်ထင်တဲ့နေရာကပြောလို့ရပါတယ်။)
((( တခြားမဟုတ်ပါဘူး မောင်ရင်နေထိုင်ခဲ့တဲ့အကြောင်း အရာတွေနဲ့ခုဆရာ့ဆီရောက်ပြီးမှပြောင်းလဲလာတဲ့အကြောင်းအရာတွေယှဉ်ပြောပြမလို့ပါ။မောင်ရင်စာအုပ်ဆိုင်ဖွင့်ပြီးတာနဲ့ဘာလုပ်လဲ၊ တောက်ခုံဝိုင်းလိုက်ရှာတယ်၊ကျား ထိုးဖို့-စစ်တုရင်ထိုးဖို့(ပိုက်ဆံ)ကြေးထိုးဖို့နော်၊ ဘယ်မှာမှမရှိရင်ကိုယ့်ဆိုင်မှာလူစုပြီးကစားတယ်)))
( ဒါကတော့ ဆရာရယ်၊)
(((ဒါကတော့ဆရာရယ်၊မလုပ်နဲ့မောင်ရင်ကတော့အဲဒီအချိန်ကငယ်သေး လို့ထားပါတော့မောင်ရင်နေ တဲ့ပတ်ဝန်းကျင်က လူတွေက ဘာဖြစ်လို့တောက်ခုံဝိုင်း-ကျားဝိုင်း-စစ်တုရင်(ပိုက်ဆံ)ကြေးထိုးတာကိုဘာဖြစ်လို့မပြောကြ-မဆိုကြတာလဲ။)))
( ကျနောနေတဲ့ပတ်ဝန်းကျင်က လူတွေကလည်းအမုန်းခံမပြောသလိုအများစုကကျနော့်လိုဘဲ။လောင်းကစားသမားတွေဘဲဖြစ်နေတယ်ဆရာ၊)
(((မောင်ရင်နေခဲ့တဲ့နေရာက လည်းဘုရားဆောင်းတန်းဘုရားမြေပေါ်မှာဆောင်း တန်းပေါ်မှာဘဲ၊ဒီလိုလောင်းကစားလုပ်နေတာ မောင်ရင့်မိဘတွေကမပြောဘူးလား၊)))
(ဆရာရယ်န ဂိုကထဲကမိဘတွေနဲ့အတူမနေတာဘဲ၊တွေ့လည်းပြောမရလို့ပြောမှာမဟုတ်ပါဘူး။ဒါကကျနော့ အကြောင်း ပါ။ မိဘတွေနဲ့မဆိုင်ဘူးထင်ပါတယ်၊)
((( ဆိုင်ပါသော်ကောမောင်ရင် မိဘဆိုတာလက်ဦးဆရာဘဲလေ၊သူတို့သာမောင်ရင့်ကိုသင်ကြားပေးခဲ့ရင်ဒီလိုဖြစ်စရာလား-ဒါကြောင့် အမိယုတ်တော့နှုတ်ကြမ်းတယ်။အဖယုတ်တော့ကိုယ်ကြမ်းတယ်။အမိရောအဖပါယုတ်ရင် ကိုယ်ရောစိတ်ပါကြမ်းတယိလို့ဆိုကြတာပေါ့။)))
(မိဘတွေဆုံးမ ပါရဲ့နဲ့ ဆိုးနေတဲ့ သားသမီး တွေအ များကြီးရှိနေတာဘဲဆရာရယ်)
-((( ဟုတ်ပြီမောင်ရင်ပြောသလို မိဘတွေဆုံးမပါရဲ့နဲ့ဆိုးနေတဲ့သား သမီးတွေအများ ကြီးရှိနေ တဲ့အကြောင်းဘဲပြောခြင်တာပါ၊အဲဒါမှပညာဘဲမောင်ရင်မွေးရာပါ-သန္ဓေသေတာ တောင်ပျောက်မှာမဟုတ်ဘူးဆိုတာလေ၊ ဘုရားဆောင်းတန်း ပေါ်မှာလောင်းကစားမလုပ်ဖို့သူများ တွေကိုပြောရမှာ။သူများတွေကိုမပြောတဲ့အပြင် မောင်ရင်ရောက်လေရာလောင်းက စား လုပ်ဖို့လူစု တော့တာဘဲ၊ဆရာပြောတုံးကမောင်ရင်အမျိုးမျိုး ဆင်ခြေတက်တော့တာဘဲ၊ခုလိုတာ မပြုပြင်ခဲ့ရင်မောင်ရင့်ဘဝ ကမတွေးဝံ့စရာ ဘဲ၊ဘာဖြစ်လို့ လည်းဆိုတော့မောင်ရင်ကိုယ်တိုင်ကရောက်နေတဲ့ပတ်ဝန်းကျင်ကစည်းကမ်းချက်ကိုမလိုက်နာတဲ့အပြင်သူ့ဟာနဲ့သူစည်းကမ်းတကျနေတဲ့ သူကိုယ်အတုမယူမပြုပြင်ဘဲ၊အဲဒီလူရဲ့စည်းကမ်းလိုက်နာမှုအကျင့်ကိုပါဖျက်ဆီးပြစ်တယ်၊)))
(ဟုတ်ပါတယ်ဆရာအဲဒီအခိန်က ဆရာ ပြောတဲ့မကောင်းမှုအားလုံးလုပ်နေတဲ့အပြင်ညမအိပ်ရဘူးပြောထားတယ်၊အဲဒီအချိန်ကကျနော်တင်မဟုတ်ဘူး၊တခြား လူတွေကိုပါ ခေါ်ပြီးအိပ်ခိုင်းခဲ့မိတယ်၊ ဒါကိုဘဲကျနော်က ဂုဏ်ယူနေ မိခဲ့တာဆရာခုပြန် တွေးကြည့်တော့ မှတော်တော်လေးမှားခဲ့မှန်းသိရတာပါဆရာ)
(((အရက်သမားအရက်သောက်တာကို၊အရက်ဖြတ်ဖို့အကြံပေးတိုက်တွန်းခဲ့လုပ်ပေးခဲ့ဘူးလား၊ဖဲရိုက်နေတဲ့သူကိုရောမကောင်းမှု ဆိုပြောပြခဲ့ဘူးလား၊ ဘယ်ပြောနိုင်မလည်းကိုယ်တိုင်ကမကောင်းတာ အားလုံးလုပ်တဲ့သူဆိုတော့ပိုတောင်အဆင်ပြေနေသေးသလိုဖြစ်နေတာပေါ့။ဆိုင်တွေနဲ့ပတ်သက်လို့လည်းကြညှု့်ဦးလေ-သူများဆိုင်ရှေ့နဲနဲပိုခင်းရင်သူတောင်ခင်းသေးတာဘဲ၊ခင်းတော့ဘာဖြစ်လည်းငါလည်းခင်းမှာ ဘဲဆိုပြီးမလိုအပ်လည်းနဲနဲတော့လိုက်ခင်းလိုက်သေးတာဘဲမဟုတ်လား။အဲဒီလိုမလိုလား အပ်တဲ့ မှားနေတဲ့ ယှဉ်ပြုင်အနိုင်ယူစိတ်တွေဟာ အဲဒီအချိန်က မောင်ရင့်အပေါ်ဘယ်လောက်ဖိစီးနေ တယ်ဆိုခုနေပြန်တွေးကြည့်ရင်သိမှာပါ။ )))
(ဒါပေမဲ့ အဲဒီအချိန်မှာ ဆရာနဲ့မတွေ့ခင် ဆရာဒီအကြောင်း တွေပြောမပြခင်ကဒီလိုအမူအကျင့်တွေကိုမှန်တယ်ထင်နေခဲ့တာဆရာ)-(((နောက်ထခုကမောင်ရင်အနေနဲ့ဘာမှမဟုတ်ဘူးလို့ ထင်နေတဲ့ကိစ္စလေး တွေဟာ သူများတွေကိုသိပ်ထိခိုက်စေတယ်၊ဒါတွေကို မောင်ရင်သိခဲ့ပုံမရဘူး)))
-(ဘယ်လိုအ ကြောင်းအရာမျိုးလည်းဆရာ )
(((ဆိုင်တဆိုင်မှာရောင်းနေ တဲ့ပစ္စည်း ကိုတခြားဆိုင်မှာတင်ရောင်းခိုင်းတဲ့ကိစ္စပေါ့၊တကယ်ဆိုရင် မလိုကပ်တဲ့ပစ္စည်းဘာဖြစ်လို့ ရောင်းရမှာလည်း၊ မလိုအပ်ဘဲလိုက်ရောင်း မယ်ဆိုရင်တောင်မောင်ရင်ကအကြောင်းအကျိုးပြောပြီး တားသင့်တားရမှာ ခုတော့ မောင်ရင်စပြီးအကြံပေးရုံမကဘူး၊ ကိုယ်တိုင်လိုက်လုပ်ပေးနေ တာမျိုးကဆိုင်နှစ်ဆိုင်ကိုရန်တိုက်ပေး သလိုဖြစ်မနေဘူးလား၊အဲဒီလိုယှဉ်ပြိုင်စိတ်ကြီးနေတဲ့ မောင်ရင်ဟာဒါတွေကိုမသိ လို့မပြုပြင်ဘဲသာ ဆက်နေမယ်ဆိုရင်..)))
(ဆရာပြောလိုယှဉ်ပြိုင်စိတ်ကြီးနေတာကိုမသိလို့မပြုပြင်ဘဲသာဆက်နေ မယ်ဆိုရင်ဘာတွေ ဖြစ်လာ နိုင်မလည်းဆရာ)
--- ((( ဒါတွေကိုမပြုပြင် ရင်ဘာဖြစ်နိုင်မလဲဆိုတာ မောင်ရင် တွေ့နိုင်မဲ့သူကတော့-မောင်ရင့်လို-(-၃/၁-)ဘဲ။အသက်တော့-၈-နှစ်ကြီးမယ်။
မောင်ရင်နဲ့-အကြွင်းတူ-နေ့တူဘဲ့။သူ့ကိုသာနမူနာကြည့်ထားပေတော့၊။(၃/၁)တယောက်ရဲ့ဘဝနိဂုံးက-ခုလိုထင်ရာလုပ်နေမယ်ထင်သ လိုပြော ဆိုလုပ်ကိုင်နေမယ်ဆိုရင်-ယှဉ်ပြိုင် အနိုင်လိုစိတ်ကြောင့် (-ခိုက်ရန်ဒေါသဖြစ်ပြီး-ထောင်-ဆေးရုံရောက်။ချေလက်ဒဏ်ရာအနာတရနဲ့-လေဖြတ်-ဖို့ဘဲရှိတယ်)။
.....လက်ရှိနေတဲ့အရပ်ဒေသရဲ့စည်းကမ်းကို ကိုယ်တိုင်လည်း မလိုက်နာ။ သူများတွေကိုလည်းမ ဟုတ်တာလုပ်ဖို့တိုက်တွန်း မြောက်ပင့်ပေးပြီး၊ ကိုယ်လည်းနားလည်တာမဟုတ်ကိုယ့်အလုပ်လည်းမဟုတ်ဘဲ၊ကိုယ်နေတဲ့အရပ်ဒေသရဲ့အုပ်ချုပ်သူတွေမကောင်းကြောင်းပြောလိုပြော၊ တခြားအဖွဲ့အစည်းတွေမဟုတ်တဲ့အကြောင်းပြောလိုပြောနဲ့နေ့စဉ်နဲ့အမျှငြင်းခုံနေတဲ့မောင်ရင်တို့တတွေကိုပြန်ကြည့်ပါဦး။ကာလ ဒေသသဘောတရားလေးလောက်မှအသိဥာဏ်မရှိတဲ့လူတွေစုပြီးအစစအရာရာငါသိတယ်၊ငါတတ်တယ်နဲ့ကိုယ်နေတာကဘာသာရေး နယ်မြေမှာနေပြီးလောင်းကစားမျိုးစုံကိုအချိန်မရွေးလူမြင်ကွင်းမှာ လုပ်သင့်မ လုပ်သင့်ဆိုတဲ့အသိလေးတောင်မရှိကြဘဲ၊ကိုယ်ထင်ရာ ကိုယ်လုပ်နေ တဲ့သူတွေက ဒီလိုပြောဆိုနေတာက တော့.........(((.......)))---ဆက်လက်ဖေါ်ပြပါဦးမည်။
.....................။

Comments
Post a Comment