(((-စနေသားသမီးများ တစ်သက်တာ ထီပေါက်ကိန်း))) ....................................................................

(((-စနေသားသမီးများ တစ်သက်တာ ထီပေါက်ကိန်း)))
....................................................................




]]အားလုံးပဲ မင်္ဂလာပါ}}
]]မင်္ဂလာပါ ဆရာ}}
]]မနေ့က သင်တန်းသိမ်းကာနီးမှ ထီပေါက်ကိန်းရောက်တိုင်း ထီးထိုးရင် ထီပေါက်မှာ လားဆိုတဲ့ မေးခွန်းမေးတာ အားလုံးကြားလိုက်ကြတယ်မဟုတ်လား}}
]]ဟုတ်ကဲ့ ကြားပါတယ်ဆရာ}}
]]ဆရာပြောတာ သေသေခြာခြာ နားထောင်ကြပါ။ ဆရာပြောတဲ့ အသက်အပိုင်းအခြား တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ငွေဝင်နိုင်ချိန်ဖြစ်လို့ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းအပြင် ငွေများများ ဝင်နိုင်ချေရှိတဲ့ ထီကို ထိုးဖို့ အကြံပေးရတာပါ။ ထီထိုးတိုင်း ထဇီပေါက်မယ်လို့ ပြောတာ မဟုတ်ဘူးဆိုတာ ပြောထားတာကို နားမရှင်းဘူးနဲ့ တူတယ်}}
စနေသားသမီးများ အသက် (၂၁-၂၂)၊ (၂၉-၃၀)၊ (၃၇-၃၈)၊ (၄၅-၄၆)၊ (၅၃-၅၄)၊                    (၆၁-၆၂)၊ (၆၉-၇၀) ゞင်းအသက်အပိုင်းအခြားတွင် ထီပေါက်သကဲ့သို့ ငွေအစုလိုက် အပြုံလိုက် ဝင်ရန် အကြောင်းရှိသောကြောင့် ထီထိုးကြဖို့ အကြံပေးရတာပါ။ ထီထိုးရမည့်အချိန် အခါသည်။--မိမိစိတ် ကြည်ကြည်လင်လင်ရှိနေသော အချိန်အခါမျိုးတွင် နီးစပ်ရာဆိုင်၌ ထီထိုးရန်သာ ဖြစ်ပါတယ်။
လောကဓံပညာအရ (လာဘော = လာဘ်ရခြင်း = မာနနယ်)ဖြစ်နေသော်လည်း (မရဏ)ဂြိုလ်နှင့် တိုက်ဆိုင်နေ၍
---(၁၉၃၈ - ၁၉၄၅ - ၁၉၅၂ - ၁၉၅၉ ) (၁၉၆၆ - ၁၉၇၃ - ၁၉၈၀ - ၁၉၈၇) (၁၉၉၄ - ၂၀ဝ၁ - ၂၀ဝ၆ - ၂၀၁၅ - ၂၀၂၂) ခုနှစ် များတွင်မွေးဖွားသော (၅)ြွကင်း စနေသားသမီးများအတွက် အသက် (၂၁-၂၉) (၃၇-၄၅) (၅၃-၆၁)နှစ်များသည် (မရဏ)နှင့် ကြုံနေသဖြင့် စနေသား သမီးများအတွက် ထင်သလောက် ကံမကောင်းနိုင်ချေ။ ゞင်းနှစ်များသည် (ပဿာံ လောကဓံတွင် - မရဏ)နှင့် ကြုံနေ၍ ထီပေါက်ရန် ခက်ခဲနေပြန်သည်။ ゞင်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင် အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက် တတ်ခြင်း၊ ကျန်းမာရေးတွင် ဦးခေါင်း၊ ဦးဏှောက်ပိုင်း၊ ဆီးလမ်းကြောင်း၊ သားအိမ်၊ အစာအိမ် ရောဂါများ ဖြစ်ပေါ် လာပြီး ゞင်းငွေကြေးများ ပြန်လည်ကုန်ကျသွားတတ်သည်။ အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာပဲ။- လောကဓံပညာအရ (လာဘော=လာဘ်ရခြင်း=မာနနယ်) ဖြစ်သော်လည်း (မရဏ)ဂြိုလ် နှင့် တိုက်ဆိုင်နေ၍
---(၁၉၃၉ - ၁၉၄၆ - ၂၉၅၃ - ၁၉၆၀ - ၁၉၆၇ - ၁၉၇၄ - ၁၉၈၁ - ၁၉၈၈ - ၁၉၉၅ - ၂၀ဝ၂) ခုနှစ်များတွင် မွေးဖွားသော (၆)ြွကင်း စနေသားသမီးများအတွက် အသက်                    (၂၂-၃၀) (၃၈-၄၆) (၅၄၆၂) နှစ်များသည် (မရဏ)နှင့် ကြုံနေသောကြောင့် စနေသား သမီး များအတွက် (လာဘော) လောကဓံတွင် ထီပေါက်ရန် ခက်ခဲနေပြန်သည်။ ゞင်းငွေများ စိတ် သောကများစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင် ကျန်းမာရေးကြောင့် လည်း ကောင်း၊ ငွေကြေးအမှုအခင်းကြောင့် လည်းကောင်း၊ ၄င်းငွေကြေးများ ပြန်လည် ကုန်ကျသွား တတ်ပါသည်။အကောင်းထဲမှ အဆိုးနှစ် ဟု ဆိုရပေမည်။
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့်       (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်။
၂။ မိမိမရဏဂြိုလ်နဲ့ လွတ်ကင်းချိန်။
-။၃။ ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။ (၄၁ မှ ၆၂နှစ်အတွင်း ဘုမ္မိကြီးနယ်)
၎။ အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန် ရှုပ်ထွေးမှုများ မပြု လုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်၊
၆။ မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေးရတနာ အစရှိသည်များကို ယာယီ လက်ခံထားမှုမပြုခြင်းစတဲ့အချက်များနဲ့ ညီညွတ်နေချိန်ကာလများမှာ ထီထိုးပါလို့ အကြံÓဏ် ပေးရမှာပေါ့။
မှတ်ထားရမှာက ။   ။  မည်သည့်အသက်အပိုင်းအခြားမဆို ထီထိုး၍ ရပါတယ်။ သို့သော် (လောကဓံ) ပညာအရ ကြည့်မယ်ဆိုလျှင် ကံဇာတာညံ့ချိန် (ပျက်ချိန်)ဟု သတ်မှတ်ထားသော (လောကဓံအဆိုး ၄ နှစ်တွင်)ထီထိုးသော်လည်း ထီပေါက်ခဲ့သည့် ၄င်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်းကြောင့်၊ ငွေဝင်သည်မှန်သော်လည်း ငွေဝင်ပြီးမှ တွေ့လာ မယ့် ဒုက္ခများမှ လွတ်ကင်း သက်သာစေရန် (လောကဓံ)ပညာအရ (၈)နှစ်မှာ တစ်ကြိမ်ကြုံသည့် (မာနနယ်)ဖြစ်သော = ပဿာံ + လာဘော ချီးမြှင့်မြှောက်စားခံရခြင်း + (ငွေကြေးပြေွါကယ်ခြင်း) ဟု သတ်မှတ်ထားသော ကံကောင်းနေသော အသက်အပိုင်းအခြားများအား ရွေးချယ်ပေးလိုက် ခြင်းဖြစ်ပါတယ်။ (လောကဓံပညာ)နဲ့ (၇)နေ့သားသမီးတွေ တစ်သက်တာ ထီပေါက်ကိန်း အကြောင်း ပြောပြီးဖြစ်လို့ အားလုံးပဲ ကျေနပ်ကြမယ် ထင်ပါတယ်။ မင်္ဂလာပါ}}
]]မင်္ဂလာပါ ဆရာ}}

ငါသိသလို သိကြပါစေဟု-ငါ၏ရင်မှာဖြစ်၏။
ဤမှန်သော သစ္စာစကားကြောင့် ...

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

(( တနင်္လာသားသမီးများနှင့်(ကြာသပတေး)သားသမီးများ)) --အိမ်ထောင်ဘက်}}ရွေးနည်း))