(((ဝါကျွတ်တော့မယ်၊ ဝါကျွတ်တော့မယ်၊ ဝါကျွတ်တော့မယ်၊))) ..........၅...
(((ဝါကျွတ်တော့မယ်၊ ဝါကျွတ်တော့မယ်၊ ဝါကျွတ်တော့မယ်၊)))
..........၅........................
((( ငြိမ်လှချည်လား ကိုမင်းမင်း၊ နည်းနည်းပါးပါး ပြောဆိုဆွေးနွေးပါဦးလား၊ အိမ်တွင်းအုန်းဆွဲလို့ သရဏဂုံ ပျက်။မပျက်ဆိုတာ ကိုမင်းမင်း ဘယ်လိုခံယူထား လဲဗျ .)))..}}
]]သရဏဂုံ ပျက်နိုင်တယ်လို့ ခံယူထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားထက် ပိုအရေးပေးနေတာရယ်၊ ကြောက်စိတ်နဲ့ လောဘဦးစီး အိမ်တွင်းအုန်း ဆွဲတဲ့လူတွေကို ဆရာပြောဆိုလမ်းညွှန်ပြီးရင် ဘာဖြစ်လို့ အုန်းသီးကို မဖြုတ် ခိုင်းတာလဲ ဆရာ ...}}
((( ဒီလို မမူရဲ့ ...တစ်ခါက မမူမူတို့လို ဇနီးမောင်နှံရောက်လာကြတယ်၊ ဆရာ့ဆီကပြန်တော့ လင်မယားနှစ်ယောက် စိတ်တူကိုယ်တူတိုင်ပင်ပြီး အိမ်ရောက် တာနဲ့ အိမ်တွင်းအုန်းကို ဖြုတ်လိုက်ကြတယ်)))
]]အဲဒီတော့ ဘာတွေထူးခြားသွားကြလဲ ဆရာ ...}} ကိုမင်းမင်း တစ်ယောက် စိတ်ဝင်စားစွာဖြင့် မေးလာပါသည်။
((( ဖြစ်စဉ်က ကောင်းတဲ့ဖြစ်စဉ်တော့ မဟုတ်ဘူးဗျ၊ သူတို့တွေနေတဲ့ လမ်းထဲ မှာလည်း တိုက်တိုက်ဆိုင်ဆိုင်ပြီး အိမ်တွင်းအုန်းဆွဲနေတာမြင်ရုံနဲ့ သရဏဂုံ ပျက်တယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ခံယူလိုက်တာပါ။ လောကအမြင်နဲ့ ခံယူချက်ကို ပြောတာပါ။ ကျွန်တော် ကိုယ်လက်လှမ်းမှီသမျှဘဲပြောတာပါ})))
]]မမူမူ ဘာမေးစရာရှိသေးလဲ}}
((( အကြောင်းအမျိုးမျိုးကြောင့် အိမ်တွင်းအုန်း စွန့်ထားတဲ့အိမ်က (၄။၅) အိမ်ရှိနေတော့ အုန်းဆွဲတဲ့သူတွေက ဆွဲအုန်းဖြုတ်တဲ့ သူတွေရဲ့ မိသားစုဝင်တွေက စောင့်ကြည့်နေကြတာ၊ ဘယ်နေ့ဘာဖြစ်မလဲ ဆိုတာ ပေါ့)))
]]စိတ်ဝင်စားစရာပဲ ဆက်ပြောပါဦး ဆရာ ...}}
((( ဆွဲအုန်းဖြုတ်ပြီး တစ်လလောက်အကြာမှာ အဲဒီမိသားစုပြဿနာဖြစ် ကြရော၊ ဒါက ဖြစ်ရိုးဖြစ်စဉ်လေးပါ၊ ဒါပေမဲ့ ဒီပြဿနာကို ဆွဲအုန်းဖြုတ်လို့ ဖြစ်တာ ဆိုတဲ့ အတွေးအမြင်ကြောင့် သူတို့မိသားစုတွေတင် မဟုတ်တော့ပဲ အရင်က အုန်းသီးစွန့်ထားတဲ့သူတွေပါ အိမ်တွင်းအုန်းပြန်ဆွဲ ကုန်ကြပါလေရောဗျာ)))
]]ဆရာဆိုလိုတာက ...}}
((( ဆိုလိုတာက ပေါ့စေလိုလို့ ကြောင်ဆေးထိုး ဆေးအတွက်လေး ဆိုသလို ဖြစ်သွားတာကို ပြောတာပါ။
တကယ်တော့ ဆွဲအုန်းဖြုတ်ဖြုတ် မဖြုတ်ဖြုတ် ဒီအချိန်မှာ ပြဿနာက ကြုံမယ်ဆိုတာ ကြိုသိမထားကြလေတော့ အနီးစပ်ဆုံး ကောက်ချက်ချစဲရာက အိမ်တွင်းအုန်းဖြုတ်ထားတာကို အပြစ်ဖို့လိုက်တာပါ ..အဲဒီအချိန်ကစပြီး အိမ်တွင်းအုန်းနဲ့ ပတ်သက်လို့ ဖြုတ်ခိုင်းတာ (စွန့်ပြစ်)ခိုင်းတာမပြောတော့ပဲ အိမ်ပြောင်းရင်တော့ အိမ်တွင်းအုန်းကို အိမ်သစ်ကိုသယ်ယူမသွားဖို့ကို စောင့်ပြီး ညွှန်ရတော့တာပါ)))
]]နောက်ဆက်တွဲအနေနဲ့ ဘာများပြောစရာရှိသေးလဲ ဆရာ]]
.. ((( ကိုမင်းမင်းတို့ သိထားရမှာက (၃၇)မင်းနတ်တွေဟာ ဘုရားဟောကြား ခဲ့တဲ့ တရားတွေထဲက နတ်တွေမဟုတ်ဘူးဗျ၊ ဒီဘက်ခေတ်ရောက်မှ (အသေဆိုး) နဲ့သေသွားကြတဲ့ နတ်တွေဆိုတာ လူတိုင်းသိကြပါတယ်၊ အရပ်ပြောနဲ့ ဆိုရင်တော့ အောက်နတ်လို့ခေါ်တဲ့ (ပြိတ္တာ)တစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်)))
]]ကျွန်တော်လည်း အဲဒီလိုပဲကြားဖူးတယ် ဆရာ ...}}
((( မမူမူ သေချာနားထောင်ပြီးမှ ဖြေနော် .)))...}}
]]ဘာများလည်း ဆရာ ...
.................................}}
.

Comments
Post a Comment