((( မပြီးဆုံးသေးသောအဆိုးလောကဓံနှင့်-၁၀- )))

..........................
လူမျိုး ဘာသာ ဓလေ့ထုံးစံ ရိုးရာများနှင့်မပတ်သက်သောဘဝနေနည်းများလမ်းညွှန်ရာ အမှတ်(ခ)အရှေ့မုခ်၊မိုးကောင်းဘုရား ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့ရှိကျွန်ုပ်၏ ဟောခန်းလေး အတွင်းမပြီး ဆုံးလေသောအဆိုးလောကဓံအကြောင်းဆောင်းပါးရေးနေစဉ်တပည့်ဖြစ်သူမောင်ရာဇာ၏အမေးကြောင့်
အောက်ပါအတိုင်းပြန်လည်ပြောပြလိုက်ရပေသည်။
(ဆရာ့အဆိုးလောကဓံအကြောင်းမရေးတာကြာလို့ ရေးစရာမရှိတော့လို့လားဆရာ)
(( မောင်ရာဇာရယ် မပြီးဆုံးသေးသောအဆိုးလောကဓံပါလို့ ခေါင်းစဉ်တပ်ထားမှတော့ လောကဓံအကောင်းအဆိုးဆိုတာ မသေမခြင်း ရှိနေမှာပါ))
( ဆရာဆက်ရေးတာမတွေ့လို့မေးမိတာပါဆရာ)
(( ဒီတခါတော့ အဆိုးလောကဓံ(၄)နှစ်စဝင်လာကထဲက ဒီနေ့အချိန်ထိ ကြုံခဲ့တာနား ထောင်ကြည့် ရင် သိမှာပါမောင်ရင်-အဆိုးလောကဓံ(၄)နှင်ဖြတ်သန်းဖို့အတွက် မေးထာတဲ့မေးခွန်းက ဘယ်မှာနေပြီး-ဘာလုပ်နေတာလည်း -ဘယ်သူနဲ့ နေတာလည်း-နေတဲ့နေရာ။အတူနေတဲ့သူ-လုပ်နေတဲ့အ လုပ်နဲ့ သေကွဲ-ရှင်ကွဲ တစစီခွဲထုတ် ဖို့ကြုံရ လိမ့်မယ်။ကြုံမယ်ပြောတာနော် ဖြစ်မယ်မပါသေးဘူး၊ မောင်ရင်လည်းအသိဘဲ၊ဆရာတို့မှာ အိမ်ထောင်သည် တူနှစ် ယောက်ရှိတယ် အိမ်နဲ့ ဆိုင်မှာကြုံသလို လိုအပ်တာဝိုင်းကူညီပေးလာတာအဆိုးလောကဓံ လည်းရောက်ရော တယောက် စီအ ကြောင်းအမျိုးမျိုး နဲ့ဝေးကွာသွားကြတာပါဘဲ))
( ဘယ်လို ဖြစ်သွားကြတာလည်းဆရာ)
(( ဖြစ်စဉ်ကဒီလို တူအငယ်မိသားစုကို သူတို့လည်းဈေးသုံးရအောင်ဆိုပြီး ဆရာ့အမျိုးသမီး က ငွေနဲနဲပေးထားတယ်(၁၀)ဂဏန်းလောက်ရှိမယ်ထင်ပါတယ်။ဆရာကြိုပြောထားတယ်၊ငွေတွေပြန်ယူ ထားပါတော့လားဆိုတော့ ဒီပညာနဲ့တရင်းတနှီးရှိပေမဲ့ အမျိုးသမီးအနေနဲ့ ဒီမိသားစုဘဲဘာဖြစ်လာနိုင်မှာ လည်းဆိုတဲ့အမြင်နဲနဲရှိပုံရတယ်၊တူအငယ်မိသားစုပြောင်းရွေ့သွားကြတယ် မေးထားတဲ့ပိုက်ဆံလည်းပါ
သွားတော့တာပေါ့။ ဝိုင်းကူညီနေတဲ့အကူအညီလည်းမရတော့ကိုယ့်ငွေလေးတောင်ပါသွားသေးတယ်။))
( နောက်တူတယောက်ကဘယ်လို ဖြစ်လို့လည်းဆရာ)
(( တူတော်မောင်အကြီးမိသားစုက ဆေးတပ်ကဆိုတော့ တပ်ထဲကိုလိုက်ပြောင်းသွားပါလေရော မောင်ရင်ရေ၊ ဆရာတို့လက်မောင်းနှစ်ဘက်လုံးပြုတ်သလိုဖြစ်သွားတာပေါ့))
(ဒါမျိုးတွေကြုံလာမယ်လို့ ကြိုသိထားတာဘဲ မဟုတ်ဘူးလားဆရာ)
(( ကြိုသိထားလို့အပေါ်မှာရေးပြထားခဲ့တာပေါ့၊-၂၀၁၇-၁-လပိုင်း-၁-ရက်နေ့မှာ ဆရာတို့အရှေ့ ဘက်မုခ် ဆိုင်ခန်းတွေ တန်ဆောင်းပြန်ပြင်ဆောက်ဖို့အတွက် တောင်ဘက်မုခ်ကိုပြောင်းပေးရတယ်။ဆိုင်ပြောင်းရွေ့နေရတဲ့အချိန်မှာကြုံခဲ့တဲ့(အဆိုးလောကဓံ)အကြောင်းအရာတွေကတော့ ပြီးခဲ့တဲ့ဆောင်းပါး တွေမှာ ရေးပြီးသားပါ။တောင်ဘက်မုခ်မှာ ဈေးမရောင်းရတဲ့အထဲ မိုးတွေလေတွေထဲမှာ မိုးလေဒဏ်က လွတ်အောင် မိုး ရွာတိုင်းသိမ်းဆည်းနေရတဲ့အခက်အခဲကတော်တော်လေးဒုက္ခရောက်တယ်။ ခုနကပြောခဲ့ တဲ့တူနှစ်ယောက်အပြင်ဆရာတို့နဲ့အတူလာနေတဲ့ တူမတယောက်ရှိသေးတယ်၊သူကိုလည်းအဲဒီအချိန်မှာ သူ့အ မေကလာခေါ်သွားပြန်တယ်။))
(ဆရာပြောနေတာ ကိုယ်တွေ့ဖြစ်နေလို့သာယုံကြည်လက်ခံရတာ ဒီအချိန်မှာမှတိုက်တိုက်ဆိုင်ဆိုင်
ဒီလိုတွေလာဖြစ်နေတာ စိတ်ကူးယဉ်လုပ်ကြံရေးထားတာလို့ ထင်စရာဘဲဆရာ)
(( ဒါကြောင့်လည်းဆရာ့အနေနဲ့ နှစ်-၂၀-အတွေ့အကြုံဘဲဟောပြောလမ်းညွှန်ပါတယ်။နှစ်ပေါင်း-၂၀ဝ၀-ကျော်ဘုရားလက်ထက်ကအကြောင်းတွေ-နှစ်ပေါင်း-ရာကျော် ဘုရင်လက်ထက်က အကြောင်း ကျောက်စာ ပေပရပိုဒ် ကျမ်းအကိုး အကားတွေဘာမှမပြောတာပေါ့))
( ဒါဆို ဆရာတို့နှစ်ယောက်ဘဲရှိတော့တာပေါ့နော်)
(( ဟုတ်တယ်ဘဲပြောရမှာဘဲ ဒါပေမဲ့ ဆရာ့ညီငယ်တော့တတ်နိုင်သမျှ လာဝိုင်းကူပါ တယ်၊ နောက်တခုက သိပ်မကြာခင်မှာ တူမလေးကိုသူ့အမေကလာပြန်ပို့ပေးတယ်))
(တော်သေးတာပေါ့ဆရာရယ် နားထောင်ရတဲ့ကျနော်တောင်မှဘယ်လိုဆက်နားထောင်ရမလည်း
စဉ်းစားနေတာ)
(( ဒီလိုမောင်ရာဇာရေ တူမရောက်လို့အေးပြီမထင်နဲ့မောင်ရင် တူမရောက်လာပြီးမကြာခင်မှာ ဆရာ့အမျိုးသမီး(အကယ်ဒမီ)ဆေးရုံတက်ပြီး ခွဲစိတ်လိုက်ရသေးတယ်၊အဲဒီတော့ ဆိုင်ထားပြီး ဆေးရုံ
ပြေးပြီး (၇)ရက်လောက်နေလိုက်ရတာပေါ့။
လက်ရှိအနေအထားအရပြောရရင် ဆောင်းတန်းအသစ်ကြီးပြင်ဆောက်ထားတယ်၊ဆောင်း
တန်းကြီးကျယ် လည်းကျယ် အပေါ်ကိုလည်းမြင့်သွားပြီး ကြည့်လိုက်ရင်ရှင်းနေတာဘဲ။ဒါပေမဲ့ အရင်က ထွက်နေတဲ့ ဆိုင်ခန်း(၂၆)ခန်း(၃)ပုံ(၁)ပုံ ဆိုင်ခန်းတွေလာမဖွင့်ကြဘူး။-ဆောင်းတန်းကြီးကောင်း သွားတယ်ပြောကြတယ်၊-လူတွေ အသွားအလာမရှိ ကြဘူး။--ဘာဖြစ်လို့လည်း...။))
- -(ဆရာပြောမှဘဲ ဘဝတခုတည်ဆောက်ရာမှာ-လူမျိုး-ဘာသာ-ရိုးရာ-ဓလေ့-ထုံးစံ-အိမ်နံပါတ်-ကားနံပါတ်-သစ်ပင်တွေ-ကမူတွေ-အိမ်တောင်လှည့်မြောက်လှည့်တွေ-လှေဦးတိုက်-လှည်းဦးတိုက်-ရိုးရာတွေ-သိုက်တွေ-ပဌာန်းဆက်တွေ-အုန်းသီကြွက်မီးတောင်လှည့်မြောက်လှည့်တွေနဲ့ မသက်ဆိုင်ဘဲ-(ဖြစ်ချိန်-ပျက်ချိန်)ဖြစ်တဲ့ ကောင်းဆိုးနှစ်တန် လောကဓံ ဆိုတာလူမျိုးမရွေး-ဘာသာမရွေး မတွေ့ခြင်လို့ မရဘူးဆိုတာ လက်တွေ့ကြားလိုက်ရတာဘဲဆရာ)။

Comments
Post a Comment