(((--လောကဓံ (အမြင်သစ်)ပညာဖြင့် အိမ်ထောင်ဘက်ရွေးနည်း-)))-(ခ)

(((--လောကဓံ (အမြင်သစ်)ပညာဖြင့် အိမ်ထောင်ဘက်ရွေးနည်း-)))-(ခ)


....................
(ဘာဖြစ်လို့လဲဆရာ}}
]]ဦးဆောင်သူ ကံညံ့ချိန်ယူလိုက်မိတော့ (၆)လ၊ တစ်နှစ်ပြည့်လည်းပြည့်ရော သူ့ကသူ့ အလုပ် သူလုပ်နေပြီလေ၊ ထင်တိုင်းမဟုတ်၊ လုပ်တိုင်းမဖြစ်တော့ မောင့်တစ်မျက်နှာ တစ်ရွာ ထင်ပြီး လိုက်လာခဲ့တဲ့ မိန်းကလေးဟာ လောကဓံရဲ့သဘောတရားကို နားမလည်ရှာလေတော့ လင်ယောကျာ်းအပေါ်အထင်သေးမှု၊ နာကြည်းမှုတွေဟာ သေတဲ့အထိ မေ့ပျောက်မရနိုင် အောင် ဖြစ်သွားရော}}
]]ဒီလောက်တောင်ဖြစ်သွားရလားဆရာ၊ အဲ့ဒီလူမျိုးတွေဆိုရင် ဆရာ့အနေနဲ့ ဘယ်လို ကူညီပေးနိုင်မလဲဆရာ}}
]]အချိန်မီရောက်လာခဲ့ရင်တော့ တစ်ဝက်လောက် သက်သာသေးတာပေါ့။ သိပ်နောက်ကျမှရောက်လာရင်တော့ ကာယကံရှင်တွေရဲ့ ဥာဏ်ရည်ပေါ်မူတည်တယ်။ အိမ် ထောင်ပြုဖို့ အသင့်တော်ဆုံးက ဦးဆောင်ဦးရွက်ဖြစ်တဲ့ အိမ်ထောင်ဦးစီး အမျိုးသားကံကောင်း ချိန်တွေမှာ အိမ်ထောင်ပြုရတာ အကောင်းဆုံးလို့ အကြံဥာဏ်ပေးရမှာပဲ}}
]]ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့ကို ဆရာနဲ့ ဆရာဒလမင်းခေါင်အကြောင်းလေး ဆက်ပါဦးလားဆရာ-ဆရာဒလမင်းခေါင်က ဆရာကြီးဦးကြမြင့်တပည့်ဘဲလားဆရာ}}
((( ဆရာ ဒလမင်းခေါင်က ဆရာကြီးဦးကြာမြင့်ဆီကပညာသင်ယူဖြစ်တာမဟုတ်ဘူး၊ ဆရာကြီး ဦးကြာမြင့်ညီ ဆရာကြီးဦးစိုးလင်း(ခ)ဆရာဦးသံချောင်း(မ/ဥက္ကလာ) ဆီမှာသင်္ဘောသား ကိုအေးသိန်းနဲ့ဆက်စပ်ပြီးရောက်တာပါ။ဆရာလည်းသူတို့ပတ်သက်ပြီး ဆရာကြီး ဦးစိုးလင်းဆီ ရောက်ဖြစ်တာပါ။ )))
မောင်ရာဇာကို ပြောလို့မှ မဆုံးသေး
]]ဆရာနဲ့ ဆရာဒလမင်းခေါင်တို့ ပညာ အကြောင်းနဲ့ ဒီလောက်ပတ်သက်အဆက် အစပ်ရှိပြီး ဘာဖြစ်လို့ဆရာ စာအုပ်မထုတ်တာလဲ ဆရာဒလမင်းခေါင်က ဆရာ့ကို စာအုပ်လေး ဘာလေးထုတ်ဖို့ တိုက်တွန်းအကြံဥာဏ်မပေးခဲ့ဘူးလားဆရာ}} မောင်သိန်းဌေးမှ ဆက်ပြော နေပြန်ပါပြီ။
]]ဒီလောက်ရင်းနှီးနေတာ မပြောရှိပါ့မလား ဆောင်းပါးတွေရေးပြီး သူ့ဆီပို့ပေးထားဖို့ ကိုယ်တိုင်စာအုပ်ထုတ်ဖြစ်အောင် ထုတ်ဖို့ တွေ့တိုင်းပြောလွန်းလို့ အာနာပြီး ဆရာကတောင် သူ့ကို ပြန်ရှောင်နေရတယ်---
]]ဆရာ ဘာစာမူမှ မပေးဖြစ်လိုက်ဘူးလား}}
]]မောင်ရင်တို့ပြောမှ သတိရတယ် ပညာပိုင်းနဲ့ ပတ်သက်လို့ ဆရာကြီးမိသားစုရဲ့ ထူးခြားတဲ့ဖြစ်စဉ် ဆရာ့ကိုယ်တွေ့လေးတွေ ရေးပေးပါဆိုလို့ (၅)ပုဒ်လောက် ရေးပေးထားတယ်။ သူနေမကောင်းမဖြစ်ခင် ဆရာနဲ့ ဆူးလေဘုရားလမ်းက လက်ဖက်သုပ်ဆိုင်မှာ ထိုင်ဖြစ်ကြသေး တယ်။ ဆရာကပြောလိုက်မိတယ်။ ကိုမြလင်း ကျန်းမာရေးလည်းဂရုစိုက်ဦးနော်ဆိုတော့ ဆရဒလမင်းခေါင်က ညာဘက်လက်ကိုထောင်ပြပြီး ကျွန်တော် ကျန်းကျန်းမာမာရှိပါသေးတယ် ဗျ။ ကျုပ်လည်း နဝင်းဆရာပါ။ ကျွန်တော့်အတွက်မပူပါနဲ့ တစ်နေတစ်နေ့ ကျွန်တော်လမ်း လျှောက်ရတဲ့နှစ်တွေ မနည်းတော့ဘူး။ ကျွန်တော်ပြောပြဖူးပါတယ်လို့တောင် ပြန်ပြောသွား သေးတယ်
ဆရာဒလမင်းခေါင်ကျန်းမာရေးဖြစ်တဲ့အချိန် သန်းနိုင်စိုးဆိုတဲ့ တပည့်တစ်ယောက်က ဖုန်းဆက်ပြောလို့ ဆရာသိပြီး နောက်နေ့ဆုံးသွားပြီဆိုတာ သိလိုက်ရတာပဲ။}}
]]ဆရာဒလမင်းခေါင်နာရေး သွားပို့ဖြစ်လိုက်သေးလားဆရာ}}
]]မေးမှ မေးရက်ပါပေကွယ်လို့ ပြောရမလိုဖြစ်နေပြီ၊ ဒီလောက်ရင်းနှီးပါတယ်ဆိုတဲ့ ပညာမိတ်ဆွေတွေပဲ သွားဖြစ်အောင်သွားပို့လိုက်ပါတယ်။ ဒါပေမဲ့ အသိဆိုလို့ ဆရာကြီး ရန်ကုန်ကျော်ရင် တပည့်ရင်း သုဝဏ္ဏဈေးက ဆရာဦးသိန်းဟန်နဲ့ စာပေဗိမာန်ကိုဥာဏ်ဝင်းတို့ ပဲတွေ့တယ်။ ဗေဒင်လောကအတွက် နှမြောဖို့ကောင်းတယ်။ ခုနောက်ပိုင်း ဆရာကြီးဦးကြာမြင့် (ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)နဝင်းစီးပညာ)လူသိများလာတာ ဆရာဒလမင်းခေါင် ကျေးဇူးတော်တော်ပါတယ်။}}
(၊)------------(--၊)



Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-