(ခေတ်အမြင်နှင့် ဗေဒင်) (((လောကဓံ (အမြင်သစ်)ပညာဖြင့် အိမ်ထောင်ဘက်ရွေးနည်း)))(က)

(ခေတ်အမြင်နှင့် ဗေဒင်)
(((လောကဓံ (အမြင်သစ်)ပညာဖြင့် အိမ်ထောင်ဘက်ရွေးနည်း)))(က)


........................
]]ဆရာကြီး ဦးကြာမြင့်တပည့်တွေထဲမှာ ထူးခြားပြောင်မြောက်တဲ့ ပညာရှင်တွေ (ရွက်ပုန်းသီးတွေ)ရှိနေတယ်ကွ။ ဘာဖြစ်လို့ လူရှေ့သူရှေ့ထုတ်မပြကြတာလည်းတော့ ဆရာလည်း မပြောပြတတ်ဘူးဖြစ်နေတယ်}}
]]ဆရာပြောတာဟုတ်မယ် ဆရာ ဘာဖြစ်လိုလည်းဆိုတော့ ကျွန်တော်တို့ လက်လှမ်း မှီတဲ့အချိန်မှာ ဆရာကြီးဦးလင်းအောင်ဟာ (သက်ခတ်+အြွကင်းဥာဉ်စရိုက်+အချိန်တိုင်နဲ့ အဌလက်)ကို တမျိုးတဘာသာ ထူးထူးခြားခြား ထုတ်ဖော်ပြသသွားတာ တွေ့ရသလို ဆရာပရမတ်ဆိုရင်လည်း (မွေးချိန်မဟာဘုတ်) ကိုရှာတွေ့သွားခဲ့တယ်။ ဆရာ့ ဆရာတွေလည်း နှစ်ပေါင်းများစွာ အချိန်ယူလေ့လာခဲ့ရမှာပဲ။ အဲ့ဒီဆရာတွေကြောင့် ဆရာကြီး ဦးကြာမြင့်ပညာ ပိုမိုကျယ်ပြန့်လာတယ်ဆိုရမယ်။ နောက်ထပ် ရှိသေးတယ်ဆရာ--)) ]]ဘယ်သူများလဲ}}
]]ဆရာကြီးဦးကြာမြင့်ပညာနဲ့ လက်ရိုး-လက်ဆန်း-ဂဏန်းဗေဒင်ကအစ လူထုကို ဖွင့်ချ သွားခဲ့တဲ့ ဆရာဒလမင်းခေါင်ကို ဆရာသတိထားလိုက်မိလား}}
]]ဪသာ် ...  ဆရာကိုမြလင်းကိုပြောတာကိုး}}
]]ဆရာနဲ့ ဆရာဒလမင်းခေါင်သိလား၊ ရင်းနှီးလား ဆရာဒလမင်းခေါင်အကြောင်း ဆရာပြောတာ သိပ်မတွေ့လို့}}
]]ကိုမြလင်း (ခေါ်) ဆရာဒလမင်းခေါင်နဲ့ ဆရာသိလားဆိုသော သိပ်ရင်းနှီးတဲ့ လူတွေ လို့ပြောလို့ရတယ်}}
]]၁၉၉၃ ခုနှစ်က ဆရာဒလမင်းခေါင်ဆောင်းပါးတွေမှာ ထည့်ထည့်ရေးနေတဲ့ ကိုအေးသိန်းဆိုတဲ့ သင်္ဘောသားအိမ်မှာ စတွေ့ဖြစ်ကြရင်း ပညာအကြောင်းဆွေးနွေးတဲ့ လူရင်း တွေဖြစ်တယ်။ တစ်ပတ်ကို (၂)ရက် ဆူးလေပန်းခြံမှာတွေ့ပြီး ပညာအကြောင်း ပြောဆိုခဲ့ကြတာ နှစ်တော်တော်ကြာခဲ့တယ်။ နောက်ပိုင်းဆရာလည်း ဗေဒင်သင်တန်းကိစ္စတွေရယ်၊ ဗေဒင်ဟော--- သက်ကြာလာတော့ မိတ်များလာတာရယ်၊ တစ်ဖက်မှာ လောကဓံ(အမြင်သစ်)ခေတ်အမြင်နဲ့ ဗေဒင်ဆိုပြီး ဆောင်းပါးတွေရေးနေတော့ အချိန်သိပ်မပေးနိုင်တော့ ဆရာဒလမင်းခေါင်နဲ့ သိပ်မတွေ့ဖြစ်ကြဘူး။ ပန်းဆိုးတန်းစာအုပ်ဆိုင်တွေမှာ ဆူးလေ ဒေါ်ရိပ်ကြီးဆိုင်နဲ့ မီးသတ်ရှေ့ က လက်ဖက်သုပ်ဆိုင်မှာတွေ့ဖြစ်ကြပါတယ်}} မောင်သိန်းဌေးတစ်ယောက် နာရီလှမ်းကြည့်ပြီး-
]]ဆရာ့ရဲ့ လောကဓံ(အမြင်သစ်)အိမ်ထောင်ဘက်ရွေးနည်းလေးဆက်ပြောပါဦးဆရာ}}
]]ဒါဆိုလည်း လောကဓံ(အမြင်သစ်)အိမ်ထောင်ဘက်ရွေးနည်းရဲ့ အဓိကအကြောင်း ကို အရင်ပြောလိုက်ပါဦးမယ်။ အိမ်ထောင်ပြုမယ်ဆိုရင် အဖြူပိုင်းကလူက အမဲပိုင်းကလူကို ရွေးချယ်ခွင့်ရှိတာပေါ့  ---(---) ]]အဲ့ဒီကစပြီး လောကဓံ (အမြင်သစ်)ရဲ့ အယူအဆ ဟာ -...အမြင်တစ်မျိုးပြောင်းသွားတယ်}} လိုချင်လောဘမရှိကြနဲ့ ဖြစ်ချိန်တန်ရင်ဖြစ်လိမ့် မယ်။ ပူပန်ကြောင့်ကျမရှိကြနဲ့ ပျက်ချိန်တန်တော့ ပျက်လိမ့်မယ်။ ဖြစ်ပြီးလျှင် ပျက်မည်။ - ပျက်ပြီးလျှင် ပြန်ဖြစ်မည်။ ဖြစ်ချိန်က ဘယ်အချိန်လဲ ဘာကြောင့်ဖြစ်မှာလဲ တကယ်ဖြစ်အောင် ဘယ်လိုနေထိုင် လုပ်ကိုင်ရမလဲ။ ပျက်ချိန်က ဘယ်အချိန်လဲ ဘာကြောင့် ပျက်မှာလဲ။ မပြိုကွဲ မပျက်စီးအောင် ဘယ်လိုနေထိုင်လုပ်ကိုင်ရမလဲဆိုတဲ့ စကားအတိုင်း လမ်းညွှန်ခြင်းဖြစ်တယ်။ ကယ်မခြင်းဝါဒ မဟုတ်သောကြောင့် ...
ကံကောင်းချိန်မှာ ရအောင်လုပ်ထားပါ။ ကိုယ်လုပ်ရင်ရမယ်၊ မလုပ်ရင် ထင်သလောက် မရနိုင်ဘူး။
ကံညံ့ချိန်မှာ မပြိုကွဲမပျက်စီးရလေအောင် ထိန်းသိမ်းထားပါ။ ကိုယ်လုပ်ရင် ပြုတ်မယ်၊ မလုပ်ရင်မပြုတ်ဘူး။
ကံကောင်းတယ်ဆိုတာအရင်ဘဝကံ၊ မကောင်းဘူးလို့ သိတာဥာဏ်၊ ဒီဘဝကံက လုပ်ရင်ရမယ်။
ကံမကောင်းဘူးဆိုတာ အရင်ဘဝကံ၊ မကောင်းဘူးလို့ သိတာကဥာဏ်၊ ဒီဘဝ ကံက လုပ်ရင် ပြုတ်မယ်။ ဒီအကြောင်းအရာတွေက အဓိကပဲ။ နောက်တစ်ခုပြောဖို့ကျန်နေတယ်။ ကံက ကိုယ်တိုင်လုပ်သင့်တာလုပ်လို့ရသလို မိမိကညံ့နေချိန်မှာ ကံကောင်းနေတဲ့အိမ်ထောင် ဘက်ကို ဦးစားပေး သူ့နာမည်နဲ့ ပေါင်နှံချေးငှား၊ သူ့ကို ဦးဆောင်ပြီးလုပ်ခိုင်းလို့ရအောင် အိမ် ထောင်ဘက်ရွေးခိုင်းလိုက်ရတာ}}
]]ဒီတစ်ချက်ဆရာပြောတာ တော်တော်လေးရှင်းသွားတယ်}}
]]အထူး သတိထားရမှာက ဦးဆောင်သူ အမျိုးသားကံညံ့ချိန်မှာ ယူဖြစ်လိုက်တဲ့ အိမ်ထောင်တွေဟာ ဆင်းရဲချမ်းသာတာ ကံအတိုင်းဖြစ်ပေမယ့် တစ်သက်စိတ်ချမ်းသာမှု သိပ်မရှိလှတော့ဘူး}}
-----အမှတ်(ခ)------ဆက်လက်ဖေါ်ပြပါမည်။
-






Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-