((-အင်္ဂါသားသမီးများ တစ်သက်တာ ထီပေါက်ကိန်း-))) ....................................................




(((-အင်္ဂါသားသမီးများ တစ်သက်တာ ထီပေါက်ကိန်း-)))
....................................................
ဒီနေတော့ လောကဓံနဲ့ အင်္ဂါသားသမီးတွေရဲ့ ထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်း  အကြောင်းကို ဆက်ပြောပြမှာ ဖြစ်တယ်။
အင်္ဂါသားသမီးများအသက် - (၂၃-၂၄)၊ (၃၁-၃၂)၊ (၃၉-၄၀)၊ (၄၇-၄၈)၊ (၅၆-၅၇)၊ (၆၃-၆၄) ゞင်းအသက်အပိုင်းအခြားတွင် ထီပေါက်သကဲ့သို့ ငွေအစုလိုက်အပြုံလိုက်ဝင်ရန် အကြောင်းရှိသောကြောင့် ထီထိုးခိုင်းခြင်းဖြစ်ပါတယ်။ ထီထိုးရမည့်အချိန်အခါသည် မိမိစိတ် ကြည်ကြည်လင်လင်ရှိနေသော အချိန်အခါမျိုးတွင် နီးစပ်ရာဆိုင်၌ ထီထိုးရန်သာ ဖြစ်ပါတယ်။
လောကဓံပညာအရ(ပဿာံ = ချီးမြှင့်မြှောက်စားခံရခြင်း = မာနနယ်)ဖြစ်သော်လည်း (မရဏ)ဂြိုလ်နှင့် ကြုံနေ၍(၁၉၃၈ - ၁၉၄၅ - ၁၉၅၂ - ၁၉၅၉ - ၁၉၇၃ - ၁၉၈၀ - ၁၉၈၇ - ၁၉၉၄ - ၂၀ဝ၁) ခုနှစ် များတွင်မွေးဖွားသော (၅)ြွကင်း အင်္ဂါသားသမီးများအတွက် အသက် (၁၅-၂၃) (၃၁-၃၉) (၄၇-၅၅) (၆၃-၇၁)နှစ်များသည် (မရဏ)နှင့် ကြုံနေပြီး (ဦး + ညို)အပြင်ရန်ပါ ကြုံနေသဖြင့် တခြား  အင်္ဂါသားသမီးများကဲ့သို့ ကံမကောင်းနိုင်ချေ။
အင်္ဂါသားသမီးများအတွက် ゞင်းအသက်များတွင် ထီပေါက်ရန် ခက်ခဲနေပြန်တယ်။ ထီပေါက်ခဲ့သော် ゞင်းငွေကြေးများ၊ စိတ်သောကများစွာဖြင့် ပြန်လည်ကုန်ကျ တတ်ခြင်း၊ မိမိကိုယ်တိုင် ခရီးဝေးသွားပါက ကားတိုက်၊ ကားမှောက်၊ ဓါးပြမှု၊ မုဒိန်းမှုများ ကြုံတွေ့နိုင်ပြီး ゞင်းငွေကြေးများ ပြန်လည်ကုန်ကျသွားတတ်တယ်။ အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာပဲ။ တခြားအင်္ဂါသားသမီးများတွေလို ထင်သလောက် ကံမကောင်းနိုင်သေးဘူးဖြစ်နေမယ်။ (ကျန်နေသော အင်္ဂါသားသမီးများ ကံကောင်းနေမည်ဖြစ်သည်။)
လောကဓံပညာအရ (လာဘော=လာဘ်ရခြင်း=မာနနယ်)ဖြစ်သော်လည်း (မရဏ)ဂြိုလ် နှင့် တွေ့ကြုံနေ၍-(၁၉၃၉ - ၁၉၄၆ - ၁၉၅၂၃ - ၁၉၆၀ - ၁၉၇၄ - ၁၉၈၁ - ၁၉၈၈ - ၁၉၉၅ - ၂၀ဝ၂- ၂၀ဝ၉ - ၂၀၁၆ - ၂၀၂၃) ခုနှစ် များတွင်မွေးဖွားသော (၆)ြွကင်း အင်္ဂါသားသမီးများအတွက် အသက် (၁၆-၂၄) (၃၂-၄၀) (၄၈-၅၆) (၆၄-၇၂)နှစ်များသည် (မရဏ)နှင့် ကြုံနေသဖြင့် အင်္ဂါသားသမီးများအတွက်  (လာဘော လောကဓံ)တွင် (မရဏ)ကျနေသောကြောင့် ၄င်းနှစ်များတွင် ထီပေါက်ရန် ခက်ခဲနေပြန်သည်။ ထီပေါက်၍ ငွေဝင်ခဲ့သော်၊ မိမိကိုယ်တိုင် ကျမ်းမာရေးကြောင့်လည်းကောင်း၊ ငွေကြေး အမှုအခင်းကြောင့် လည်းကောင်း၊ ၄င်းငွေကြေး များ ပြန်လည်ကုန်ကျသွားတတ်သည်။ အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာပဲ။ (တခြားနှစ်များ တွင် မွေးဖွားသော အင်္ဂါသားသမီးများ ကံကောင်းနေပါသည်။)
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့်       (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်။
၂။ မိမိမရဏဂြိုလ်နဲ့ လွတ်ကင်းချိန်။
၃။ ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။ (၃၅ မှ ၅၄နှစ်အတွင်း ဘုမ္မိကြီးနယ်)
၎။ အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန်ရှုပ်ထွေးမှုများ မပြု လုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်၊
၆။ မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေးရတနာ အစရှိသည်များကို ယာယီ လက်ခံထားမှု မပြုခြင်း စတဲ့အချက်များနဲ့ ညီညွတ်နေချိန်ကာလများမှာ ထီထိုးပါလို့ အကြံÓဏ် ပေးရမှာပေါ့။
--မှတ်ထားရမှာက ။   ။  မည်သည့်အသက်အပိုင်းအခြားမဆို ထီထိုး၍ ရပါတယ်။ သို့သော် (လောကဓံ) ပညာအရ ကြည့်မယ်ဆိုလျှင် ကံဇာတာညံ့ချိန် (ပျက်ချိန်)ဟု သတ်မှတ်ထားသော (လောကဓံအဆိုး ၄ နှစ်တွင်)ထီထိုးသော်လည်း ထီပေါက်ခဲ့သည့် ၄င်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်းကြောင့်၊ ငွေဝင်သည်မှန်သော်လည်း ငွေဝင်ပြီးမှ တွေ့လာ မယ့် ဒုက္ခများမှ လွတ်ကင်း သက်သာစေရန် (လောကဓံ)ပညာအရ (၈)နှစ်မှာ တစ်ကြိမ်ကြုံသည့် (မာနနယ်)ဖြစ်သော = ပဿာံ + ဘာဘော ချီးမြှင့်မြှောက်စားခံရခြင်း + (ငွေကြေးပြေွါကယ်ခြင်း) ဟု သတ်မှတ်ထားသော ကံကောင်းနေသော အသက်အပိုင်းအခြားများအား ရွေးချယ်ပေးလိုက် ရခြင်း ဖြစ်ပါတယ်။
.......................ငါသိသလို သိကြပါစေဟု-ငါ၏ရင်မှာဖြစ်၏။
ဤမှန်သော သစ္စာစကားကြောင့် ...။

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-