]]---ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်?
]]---ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်?
. .....၂......
ကဲ မမူမူ စကားဆက်ကြရအောင်၊ အိမ်တွင်းအုန်းဆွဲတဲ့သူတွေ တော်တော်များများ အိမ်တွင်းနဲ့ ပတ်သက်ပြီး နတ်(၂)ယောက် (၃)ယောက် လောက်ပဲ သိပုံရတယ်။ အိမ်တွင်းနဲ့ ပတ်သက်တဲ့ နေရာမှာ နတ်(၂)ယောက် (၃)ယောက်အတွက်ပဲ ပြုလုပ်ထားတာ တွေ့တယ်။ တခါတလေ ကြုံလို့ ဆရာကမေးမိတယ်။ နင်တို့ နတ်က (၂/၃)ယောက်ထဲပါလား။ ကျန်တဲ့နတ်တွေ ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်နေကြသလဲလို့}}
]]ဆရာက ကြံကြံဖန်ဖန် ပြောတတ်တယ်၊ ကျွန်မတို့ကကြောက်တတ်တယ်}}
]]ဘာကို ကြောက်တာလဲ မမူ}}
]]ကြောက်တာပေါ့ ဆရာရယ်၊ လူလူချင်းက တောင်းပန်လို့ ရသေးတယ်၊ သူတို့က မြင်ရတာမဟုတ်ဘူးလေ}}
]]ဟုတ်ပြီ ကိုမင်းမင်း၊ အဲဒီစကားကို မှတ်ထားနော် ..}}
]]ဘာကို မှတ်ထားရမှာလဲ ဆရာ}}
]]မမူမူက နတ်ကိုကြောက်လို့ အိမ်တွင်းအုန်းဆွဲတာပါလို့}} ဆိုတာလေ။
]]ဟုတ်ကဲ့ပါ ..မှတ်ထားပါ့မယ်ဆရာ}}
]]ဒါဖြင့်ရင် အိမ်တွင်းအုန်းဆွဲရင် အိမ်အေးတယ်၊ အိမ်လုံခြုံတယ်၊ အန္တရာယ် ကင်းတယ်၊ စီးပွားလာဘ်လာဘတွေ တိုးတယ်ဆိုတာ မဟုတ်ဘူးလား ဆရာ}}
]]ဘယ်သူကများ ပြောလိုက်လို့လည်း မမူမူ}}
]]အရပ်ထဲမှာရော အုန်းသီးဆွဲတဲ့ လူတော်တော်များများ လက်ခံယုံကြည် နေကြတာ ပြောတာကတော့ အဓိကအိမ်တွင်းအုန်း လိုက်တင်ပေး (အုန်းဆွဲပေး)တဲ့ နတ်ကတော်တွေ ပြောတာပေါ့ ဆရာ}}
]]ဒါလောက်ဆိုရပါပြီ၊ ကဲ မမူမူရေ စပြီးစဉ်းစားရအောင် အခုဆရာ့အခန်း ထဲမှာ ပန်ကာတစ်လုံးဖွင့်ထားတာ ဒီလောက်အေးရင် ပန်ကာ(၃)လုံးဆိုရင် ဒီထက် ပိုမအေးနိုင်ဘူးလား}}
]]ပန်ကာတစ်လုံးထက်(၃)လုံးက ပိုအေးတာပေါ့ ဆရာ}}
-- ]]ဟုတ်ပြီ အခုမီးချောင်း (၁) ချောင်း ထွန်းထားတာထက် (၃)ချောင်း ထွန်းထားလိုက်ရင် ပိုမလင်းဘူးလား}}
]]ဆရာရယ် ဒါတော့ ကလေးတွေတောင် သိပါတယ်}}
]]ကလေးတွေတောင် သိတယ်ဆိုရင် မမူမူတို့လို လူကြီးတွေက ပိုသိတယ် ဆိုတဲ့ သဘောလား}}
]]ဆရာကလည်း စကားနှစ်လုံးထဲနဲ့ ရှုပ်နေတာပဲ}}
မမူမူပြန်ပြောသံကြောင့် ကိုမင်းမင်းတစ်ယောက် ပြုံးနေလေသည်။
]]ဒါဖြင့်ရင် အုန်းသီးတစ်လုံးဆွဲလို့ အိမ်လုံခြုံတယ် အန္တရာယ်ကင်းတယ်၊ စီးပွားလာဘ်လာဘတွေဖြစ်တယ်ဆိုရင် အုန်းသီး(၃)လုံးဆွဲရင် ပိုပြီးလုံခြုံ၊ ပိုအန္တရာယ်ကင်း၊ ပိုပြီးစီးပွားမဖြစ်နိုင်ဘူးလား}}
]]ပိုပြီးဖြစ်နိုင်တာပေါ့ ဆရာ}}
]]ဒါဖြင့်ရင် အုန်းသီး(၃)လုံးဆွဲတဲ့အိမ်မြင်ဖူးလား}}
]]ကျွန်မ မမြင်မိသေးဘူး ဆရာ}}
]]မမူမူတို့ ပြောသလိုသာ အသုံးတည့်နေရင် အိမ်ခြံစည်းရိုးခတ်စရာ မလိုတော့ဘူး၊ အုန်းသီး(၃)လုံးမှ (၉)ထောင်ပဲကုန်မယ်။ ဘယ်လောက်အဆင်ပြေ ထားလဲ}}
]]ကိုမင်းမင်းတစ်ယောက်ကတော့ ပွဲကြည့်ပရိတ်သတ်အနေနဲ့ ဘာတစ်ခွန်း မှဝင်မပြောဘဲ နားထောင်နေသောကြောင့် ]]ကိုမင်းမင်း ခင်ဗျားတို့မိသားစု ဘာဘာသာ ကိုးကွယ်လဲဗျ}}
]]ဗုဒ္ဓဘာသာပါ ဆရာ}}။
-
Comments
Post a Comment