(((-သောကြာသားသမီးများ တစ်သက်တာ ထီပေါက်ကိန်း))) ....................
(((-သောကြာသားသမီးများ တစ်သက်တာ ထီပေါက်ကိန်း)))
....................
]]မင်္ဂလာပါ ဆရာ}}
]]အားလုံးပဲ မင်္ဂလာပါ (၇)နေ့ သားသမီးတွေ လောကဓံပညာနဲ့ တစ်သက်တာ ထီ ပေါက်ကိန်းတွေ ပြောပြလာခဲ့တာ သောကြာသားသမီးတွေနဲ့ ထီအကြောင်းကို ဒီနေ့ ပြောပြ ပါမယ်။}}
သောကြာသားသမီးများ - အသက် (၂၆-၂၇) (၃၄-၃၅) (၄၂-၄၃) (၅၀-၅၁) (၅၈-၅၉) ゞ၄င်း အသက် အပိုင်းအခြားတွင် ထီပေါက်သကဲ့သို့ ငွေအစုလိုက် အပြုံလိုက် ဝင်ရန် အကြောင်းရှိ သောကြောင့် ထီထိုးခိုင်းခြင်းဖြစ်ပါတယ်။ ထီထိုးရမည့်အချိန် အခါသည် မိမိစိတ် ကြည်ကြည် လင်လင်ရှိနေသော အချိန်အခါမျိုးတွင် နီးစပ်ရာဆိုင်၌ ထီထိုးရန်သာ ဖြစ်ပါတယ်။
လောကဓံပညာအရ (ပဿာံ = ချီးမြှင့်မြှောက်စားခံရခြင်း = မာနနယ်) ဖြစ်သော်လည်း (မရဏ)ဂြိုလ်နှင့် တိုက်ဆိုင်နေ၍
--(၁၉၃၈ - ၁၉၄၅ - ၁၉၅၂ - ၁၉၅၉ - ၁၉၆၃) (၁၉၇၀ - ၁၉၇၇ - ၁၉၈၄ - ၁၉၉၁ - ၁၉၉၇ - ၂၀ဝ၁) ခုနှစ် များတွင်မွေးဖွားသော (၅)ြွကင်း သောကြာသားသမီးများအတွက် အသက် (၂၆-၃၄) (၄၂-၅၀) (၅၈-၆၄)နှစ်များသည် (မရဏ)နှင့် ကြုံနေသဖြင့် သောကြာသားသမီး များအတွက် ゞင်း အသက်များတွင် ထီပေါက်ရန် ခက်ခဲနေပြန်သည်။ ထီပေါက်ခဲ့သော် ゞင်းငွေ ကြေးများ၊ စိတ်သောကများစွာဖြင့် ပြန်လည်ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင် အိမ်ထောင်ရေး ပြဿနာများ ပေါ်ပေါက်တတ်ခြင်း၊ ကျန်းမာရေးတွင် ဦးခေါင်း၊ ဦးဏှောက်ပိုင်း၊ ဆီးလမ်း ကြောင်း၊ သားအိမ်၊ အစာအိမ်ရောဂါများ ဖြစ်ပေါ်လာပြီး ゞင်းငွေကြေးများ ပြန်လည်ကုန်ကျ သွားတတ်သည်။ အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာပဲ။ (ကျန်နေသော သောကြာသားသမီး များ ကံကောင်းနေမှာပါ။)
လောကဓံပညာအရ (လာဘော=လာဘ်ရခြင်း=မာနနယ်) ဖြစ်သော်လည်း (မရဏ)ဂြိုလ် နှင့် တိုက်ဆိုင်နေ၍----(၁၉၃၉ - ၁၉၄၆ - ၂၉၅၃ - ၁၉၆၀ - ၁၉၆၇ - ၁၉၇၄ - ၁၉၈၁ - ၁၉၈၈ - ၁၉၉၅ - ၂၀ဝ၂ - ၂၀ဝ၉ -၂၀၁၆ -၂၀၂၇) ခုနှစ်များတွင် မွေးဖွားသော (၆)ြွကင်း သောကြာသားသမီးများ အတွက် အသက် (၁၉-၂၇) (၃၅-၄၃) (၅၁-၅၉) နှစ်များသည် (မရဏ)နှင့် ကြုံနေပြီး သောက အတွင်းရန်ပါ ကြုံနေသဖြင့် ထီပေါက်ရန် ခက်ခဲနေပါသည်။ ထီပေါက်ခဲ့သော် ゞင်းငွေများ စိတ်သောကများစွာဖြင့် ပြန်လည်ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင် အိမ်ထောင်ကွဲခြင်း၊ အုပ်စု ပြိုကွဲခြင်း၊ ကျန်မာရေးတွင် ခွဲစိတ်ကုသ မှုကြောင့် ゞင်းငွေကြေးများကို ပြန်လည်ကုန်ကျသွား တတ်ပြီး လူသေလျှင်သေ၊ လူမသေလျှင် ဘဝသေသွားတတ်သည်။ အကောင်းထဲမှ အဆိုး နှစ်ဟု ဆိုရမည်။ အခြားသော သောကြာသားသမီးတွေလို ထင်သလောက် ကံမကောင်းနိုင် သေးဘူး ဖြစ်နေမယ်။ (ကျန်နေသော သောကြာသားသမီးများ ကံကောင်းနေပါတယ်။)
................................
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့် (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်။
၂။ မိမိမရဏဂြိုလ်နဲ့ လွတ်ကင်းချိန်။
-၃။ ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။ (၄၂ မှ ၅၀နှစ်အတွင်း ဘုမ္မိကြီးနယ်)
၎။ အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန် ရှုပ်ထွေးမှုများ မပြု လုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်၊
၆။ မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေးရတနာ အစရှိသည်များကို ယာယီ လက်ခံထားမှုမပြုခြင်းစတဲ့အချက်များနဲ့ ညီညွတ်နေချိန်ကာလများမှာ ထီထိုးပါလို့ အကြံÓဏ် ပေးရမှာပေါ့။
မှတ်ထားရမှာက ။ ။ မည်သည့်အသက်အပိုင်းအခြားမဆို ထီထိုး၍ ရပါတယ်။ သို့သော် (လောကဓံ) ပညာအရ ကြည့်မယ်ဆိုလျှင် ကံဇာတာညံ့ချိန် (ပျက်ချိန်)ဟု သတ်မှတ်ထားသော (လောကဓံအဆိုး ၄ နှစ်တွင်)ထီထိုးသော်လည်း ထီပေါက်ခဲ့သည့် ၄င်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်းကြောင့်၊ ငွေဝင်သည်မှန်သော်လည်း ငွေဝင်ပြီးမှ တွေ့လာ မယ့် ဒုက္ခများမှ လွတ်ကင်း သက်သာစေရန် (လောကဓံ)ပညာအရ (၈)နှစ်မှာ တစ်ကြိမ်ကြုံသည့် (မာနနယ်)ဖြစ်သော = ပဿာံ + လာဘော ချီးမြှင့်မြှောက်စားခံရခြင်း + (ငွေကြေးပြေွါကယ်ခြင်း) ဟု သတ်မှတ်ထားသော ကံကောင်းနေသော အသက်အပိုင်းအခြားများအား ရွေးချယ်ပေးလိုက် ခြင်းဖြစ်ပါတယ်။}}
]]ထီပေါက်ကိန်းရောက်တိုင်း ထီထိုးရင်ပေါက်မှာလားဆရာ}}
]]ပြောလေ ရှုပ်လေဖြစ်နေပြီနဲ့တူတယ် ...နောက်နေ့မှဘဲ ဆက်ရှင်းပြပါ့မယ် ... အားလုံးပဲ မင်္ဂလာပါ}}
]]မင်္ဂလာပါ ဆရာ}}
ငါသိသလို သိကြပါစေဟု--ငါ၏ရင်မှာဖြစ်၏။
ဤမှန်သော သစ္စာစကားကြောင့် ...
--

Comments
Post a Comment