((((လောကဓံပညာဖြင့် တနင်္လာသားသမီးမျ၊ား တစ်သက်တာထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်း-)))
((((လောကဓံပညာဖြင့် တနင်္လာသားသမီးမျ၊ား
တစ်သက်တာထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်း-)))
...............................................
(၇)နေ့သားသမီးတွေ တစ်သက်တာ ထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်းကို မနေ့က တနင်္ဂနွေသားသမီးတွေအကြောင်း ပြောပြပြီးပြီဆိုတော့ ဒီနေ့တနင်္လာသားသမီးတွေအကြောင်း ပြောပြမှာ ဖြစ်ပါတယ်။
မှတ်ထားရမှာက - ဘယ်အသက်အပိုင်းအခြားမဆို ထီထိုး၍ရပေမယ့် (လောကဓံပညာ)အရ ကြည့်မယ်ဆိုလျှင် ကံဇာတာ ညံ့ချိန် (ပျက်ချိန်)ဟု သတ်မှတ်ထားသော (လောကဓံအဆိုး ၄ နှစ် တွင်)ထီထိုးသော်လည်း ထီပေါက်ခဲသည်။ ထီပေါက်ပြန်သော်လည်း ထီဆုအသေးများဖြစ် နေခြင်း၊ ထီပေါသည့်ငွေလက်ထဲရောက်မှ ကျန်းမာရေးချူချာလာခြင်း၊ အတူနေမိသားစု မိတ်ဆွေရင်းချာများ စိတ်ဝမ်းကွဲကုန်ကြရခြင်း၊ အမှုအခင်း အလျော်အစားကြောင့် ပြန်ကုန်ရ ခြင်း၊ အတူနေတစ်ဦးတစ်ယောက် နာရေးကိစ္စကြောင့် ゞင်းငွေကြေးများ စိတ်သောကများစွာ ဖြင့် ပြန်လည်ကုန်ကျတတ်ခြင်းကြောင့် ငွေဝင်တာမှန်သော်လည်း ငွေဝင်ပြီး ဖြစ်လာမည့် ဒုက္ခ များမှ လွတ်ကင်းသက်သာစေရန် (လောကဓံ)ပညာအရ- ၈- နှစ်မှာ တစ်ကြိမ် ကြုံသည။်-----------(မာနနယ်)ဖြစ်သော ပဿာံ + လာဘော + ချီးမြှင့်မြှောက်စားခံရခြင်း + ငွေကြေးပြေွါကယ် ခြင်း ဟု သတ်မှတ်ထားသော ကံကောင်းနေသော အသက်အပိုင်အခြားများအား ရွေးချယ်ပေး လိုက်ရခြင်းဖြစ်သည်။
တနင်္လာသားသမီးများအသက် (၁၆-၁၇)၊ (၂၄-၂၅)၊ (၃၂-၃၃)၊ (၄၀-၄၁)၊ (၄၈-၄၉) ငွေဝင်ရန် အကြောင်းရှိသောကြောင့် ထီထိုးခိုင်းခြင်းပါ။ ထီထိုးရမည့် အချိန်အခါသည် မိမိစိတ်ကြည်ကြည်လင်လင်ရှိနေသောအချိန်တွင် နီးစပ်ရာဆိုင်တွင် ထီထိုးရန် သာဖြစ်ပါတယ်။ လောကဓံမူအရ ကြည့်မယ်ဆိုရင် (ပဿာံ = ချီးမွမ်းခံရခြင်း + မာနနယ်) ရောက်နေပေမယ့် (မရဏ)ဂြိုလ်နှင့် တိုက်ဆိုင်နေ၍
-(၁၉၃၈ - ၁၉၄၅ - ၁၉၅၂ - ၁၉၅၉ - ၁၉၆၆ - ၁၉၇၃ - ၁၉၈၀ - ၁၉၈၇ - ၁၉၉၄ - ၂၀ဝ၁ - ၂၀ဝ၈ - ၂၀၁၅ - ၂၀၂၂) ခုနှစ်များတွင်မွေးဖွားသော (၅)ြွကင်း တနင်္လာသားသမီးများ အတွက် အသက် (၁၆-၂၄-၃၂-၄၀-၄၈-၅၆-၆၄-၇၂) နှစ်များသည် (မရဏ)နှင့် ကြုံနေ၍ ထီပေါက်ရန် ခက်ခဲနေပြန်တယ်။ ゞင်းငွေကြေးများ၊ စိတ်သောကများစွာဖြင့် ပြန်လည်ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင် အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက်တတ် ခြင်း၊ ကျန်းမာရေးတွင် ဦးခေါင်း၊ ဆီးလမ်းကြောင်း၊ အစာအိမ်ရောဂါများ ဖြစ်ပေါ်လာပြီး ၄င်းငွေကြးများ ပြန်လည် ကုန်ကျ သွားတတ်တယ်။ အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာပေါ့။
လောကဓံမူအရကြည့်မယ်ဆိုလျှင် (လာဘော - လာဘ်ရခြင်း+မာနနယ်) ရောက်နေ ပေမယ့် (မရဏ) ဂြိုလ်နှင့် တိုက်ဆိုင်နေ၍--
(၁၉၃၉-၁၉၄၆-၂၉၅၃-၁၉၆၀-၁၉၆၇-၁၉၇၃-၁၉၈၁-၁၉၉၈-၁၉၉၅-၂၀ဝ၂-၂၀ဝ၉-၂၀၁၆-၂၀၂၃)ခုနှစ်များတွင်မွေးဖွားသော (၆)ြွကင်း တနင်္လာသားသမီးများအတွက် အသက် (၁၇-၂၅-၃၃-၄၁-၄၉-၅၇-၆၅-၇၃)နှစ် များသည် (လာဘော လောကဓံတွင် - မရဏ)နှင့် ကြုံနေသဖြင့် ထီပေါက်ရန် ခက်ခဲနေပြန်သည်။ ထီပေါက်ခဲ့သော် ゞင်းငွေများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင်ကျန်းမာရေး(အကြောရောဂါ)ကြောင့်လည်းကောင်း၊ ငွေကြေးအမှုအခင်းကြောင့်(အရှက်တကွဲဖြစ်ပြီး)၄င်းငွေကြေးများပြန်လည်ကုန်ကျသွား တတ်တယ်။ အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာပဲ၊။တခြား တနင်္လာသားသမီးများ ---ကဲ့သို့ ထင်သလောက် ကံမကောင်းနိုင်သေးဘူး (ကျန်နေသော တနင်္လာသားသမီးများ ကံကောင်း နေမည်ဖြစ်ပေသည်)
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့် (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်။
၂။ မိမိမရဏဂြိုလ်နဲ့ လွတ်ကင်းချိန်။
၃။ ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။ (၄၀ မှ ၅၀နှစ်အတွင်း ဘုမ္မိကြီးနယ်)
၎။ အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန် ရှုပ်ထွေးမှုများ မပြု လုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်၊
၆။ မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေးရတနာ အစရှိသည်များကို ယာယီ လက်ခံထားမှု မပြုခြင်း စတဲ့အချက်များနဲ့ ညီညွတ်နေချိန်ကာလများမှာ ထီထိုးပါလို့ အကြံÓဏ် ပေးရမှာပေါ့။
]] ကဲ ကျန်တဲ့နေ့သားသမီးတွေနဲ့ ထီအကြောင်းကို နောက်နေ့မှ ဆက်ပြောကြ တာပေါ့။ မင်္ဂလာပါ။}}
]]မင်္ဂလာပါ ဆရာ}}
ငါသိသလို သိကြပါစေဟု-ငါ၏ရင်မှာဖြစ်၏။--ဤမှန်သော သစ္စာစကားကြောင့် ..။

Comments
Post a Comment