(((--ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်? ......၄...............))).


(((--ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်?
......၄...............))).
........................
-((( မမူမူလည်း နည်းနည်းပါးပါးတော့ ကြားဖူးမှာပါ)) ]]ဘာအကြောင်းများလည်း ဆရာ}}
((( ဘုရားဟောတဲ့ တရားတွေထဲမှာ အိမ်တွင်းအုန်းဆွဲဖို့ဟောထားတာ ရှိတယ်လို့ ကြားဖူးလား)))
]]ခုချိန်ထိတော့ မကြားမိသေးဘူး ဆရာ၊ ဒါပေမဲ့ မေတ္တာပို့ဖို့၊ ဗလိနတ်စာြွေကးဖို့ ဟောထားတာရှိတယ်လို့ ကြားဖူးပါတယ် ဆရာ၊ အဲဒါကြောင့်လည်း အုန်းဆွဲဖြစ်တာပါ ဆရာ}}
((( မမူမူပြောတာလည်း ဟုတ်ပါတယ်၊ ဟုတ်တယ်ဆိုတာ မေတ္တာပို့ အမျှဝေ/ ဗလိနတ်စာကျွေးဆိုတာကိုပြောတာနော်။ အိမ်တွင်းအုန်းဆွဲတာ မှန်တယ်ထင်နေ ဦးမယ်)))
]]ဒါဖြင့်ရင် အိမ်တွင်းအုန်းဆွဲခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ် စေတယ်လို့ ပြောချင်တာလား ဆရာ}}
((( ဟုတ်ပါတယ်)))
]]ဒီထက်ပိုနားလည်နိုင်တဲ့ ဥပမာမရှိတော့ဘူးလား ဆရာ...}}
((( နားထောင်ကြည့်ပါဦး မမူမူ ..ကမ္ဘာပေါ်မှာ အုန်းသီးကြောက်တာ ဗမာ လူမျိုးပဲရှိမယ်ထင်တယ်၊ အုန်းပင်ပေါ်က အုန်းသီးမကြောက်ဘူး၊ ဈေးဆိုင်က အုန်းသီးလည်း မကြောက်ပါဘူး၊ အဲ ..အုန်းသီးလေး ဈေးကဝယ် (ဒါမှမဟုတ်) အပင်ကခူး၊ ရေဆေး၊ နံ့သာဖြူလေးပက်၊ လိုက်ကာအနီလေး တပ်ပြီး အိမ်ထောင့် ချိတ်လိုက်တာနဲ့ ကြောက်သွားရော၊ အဲဒီထက်ဆိုးတဲ့ အချက်ရှိသေးတယ်။ အိမ်မှာ အခက်အခဲရှိရင် ပြဿနာဖြစ်လာပြီဆိုရင် လင်မယားအဆင်မပြေတော့ဘူးဆိုရင်.. .သဘာဝတရားကို မေ့သွားကြပြီး အုန်းသီးပြေးကြည့်ခိုင်းတော့တာပဲ။ ဟဲ့..ဟဲ့ အိမ်တွင်းအုန်းသွားကြည့်စမ်း။ (အုန်းသီးခြောက်နေလား၊ြွကက်မီးကျွတ်နေလား၊ ဗောင်းတော်ြွကက်ကိုက်နေလား) ဆိုတဲ့စကားကို တွင်တွင်သုံးပြီး အုန်းသီးပြေး ကြည့်ခိုင်းတော့တာပဲ မဟုတ်လား )))..။
]]ကျွန်မ တစ်သက်ဒီလိုပဲနေလာတာ ဆရာ .. အခုမှ စွန့်ရမယ်ဆိုတော့}}
((( ခဏဆက်နားထောင်ပါဦး မမူမူ၊ လင်မယားတွေ ရန်ဖြစ်တာ မူးပြီး ရမ်းလို့ မယားငယ်နေလို့၊ နှစ်လုံး သုံးလုံး ရှုံးလို့၊ ဘောလုံးပွဲရှုံးလို့ ဖြစ်ကြတာများပါတယ်။ အိမ်တွင်းမှာ ဆွဲထားတဲ့ အုန်းသီးနဲ့ ဘယ်လိုပတ်သက်နေရတာလဲ သဘာဝကျကျ တွေးဖို့လိုတယ်)))
]]ဒါဖြင့်ရင် အိမ်ရောက်တာနဲ့ အိမ်တွင်းအုန်းကိုဖြုတ်လိုက်ရမှာလား}}
((( အိမ်ရောက်တာနဲ့ အိမ်တွင်းအုန်းကို ဖြုတ်ပစ်ရမယ် ပြောတာမဟုတ်ပါ ဘူး}
ဆရာ ဒီအကြောင်းအရာကို ပြောရခြင်းသည် နတ်တွေရှိတာတွေ မရှိ တာတွေ အိမ်တွင်းအုန်းဆွဲဖို့ မဆွဲဖို့ အတွက်ပြောနေတာ မဟုတ်ပါဘူး၊ ခေတ်နဲ့ ညီ မညီ၊ တကယ်လိုအပ်နေသေးသလား၊ အကျိုးရှိနိုင်မလား၊ အဓိကမိမိယုံကြည် ကိုးကွယ်နေတဲ့ ဘာသာတရားတော်နဲ့ ကိုက်ညီရဲ့လား ဆိုတာတွေကို ပြန်လည် သုံးသပ်ကြဖို့ကို ပြောချင်တာပါ)))
]]အိမ်တွင်းအုန်းဆွဲရင် သရဏဂုံပျက်တယ်ဆို တကယ်လားဆရာ}}
(( ဒီစကားတွေက သိပ်အဆင့်မြင့်ပါတယ်။ (အဲဒီမှာ နှစ်မျိုးနှစ်စား ဖြစ်နေတာ တွေ့လာရတယ်) စားပေါက်ချောင်တဲ့ အဖွဲ့ကသာသာထိုးထိုးလေး ပြောတယ်။ ဘာသာရေးတကယ်သိတဲ့ လုပ်တဲ့သူတွေက အတိအကျပြောနေ..ကြတော့ ဘာသာရေးအပိုင်းမှာ အဲဒီကိစ္စနှစ်မျိုးဖြစ်နေတာဆိုတော့ ကိုယ်မကျွမ်း ကျင်တဲ့အတွက် ဆရာကိုယ်တိုင် ပြုလုပ်နေတဲ့ မေတ္တာပို့ အမျှဝေခြင်း လောက အမြင်ပဲ ပြောဆိုလမ်းညွှန်ပါတယ်။ ကျန်တဲ့ဘာသာရေးအပိုင်းကတော့ တတ်သိ နားလည်တဲ့ဆရာတွေနဲ့ ရဟန်းသံဃာတော်တွေဆီ သွားတာပိုကောင်းပါတယ်))) ။

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-