(((-ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်?))) .......... ၁ .........

(((-ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်? ဝါကျွတ်တော့မယ်?)))


..........  ၁  .........
]]ကျွန်တော်တို့ မေးတာဖြေပါဦး ဆရာ ..}}
]]ဘာများလဲ ကိုရင်}}
]]ဆရာကတော့ လုပ်တော့မယ်}}
]]အိမ်တွင်းအုန်း ဆွဲတဲ့အကြောင်းလေ}}
ဝါဝင်ဝါထွက်တွင်ပြုလုပ်လေ့ရှိတဲ့ (အိမ်တွင်းအုန်း) ဆွဲသင့်/မဆွဲသင့် အကြောင်းကို ဝါဝင်ဝါထွက်များ၌ အမြဲပြောနေရ၏။ အခုလည်း ကိုမင်းမင်းတို့ ဇနီးမောင်နှံသည် ဝါကျွတ်လျှင် အိမ်ပြောင်းတော့မည်ဖြစ်၍ ထိုကိစ္စကိုလာမေး ကြခြင်းဖြစ်သည်။
]]ကိုရင်တို့ ဇနီးမောင်နှံ ခုလိုနှစ်ယောက်အတူ ရောက်လာတာ ပိုကောင်း တယ်၊ တစ်ယောက်ထဲဆိုရင် ပြောရတာ သိပ်မလွယ်ဘူး}}
]]ဘာဖြစ်လို့လည်း ဆရာ}}--
]]နှစ်ယောက်အတူတူလာတာဆိုတော့ အတူတူကြားရမယ်၊ နောင်တိုင်ပင် စရာရှိတော့ လွယ်တာပေါ့}}
]]ကျွန်တော်က ယောကျာ်းသားဖြစ်နေတာရယ်၊ ငယ်စဉ်ထဲက အယုံ အကြည်မရှိခဲ့တာကြောင့် အကြောင်းမဟုတ်ပါဘူးဆရာ ...အဲ ..ကျွန်တော့်  အမျိုးသမီးကို နားလည်သဘောပေါက်အောင် ပြောပြပေးပါ ဆရာ}}
အမျိုးသမီးဖြစ်သူက မကျေနပ်တဲ့ အမူအယာနဲ့ သူ့လင်တော်မောင်ကို မျက်စောင်းထိုးကြည့်လေသည်။
]]ဆရာ့အနေနဲ့ အိမ်တွင်းအုန်းကိစ္စမှာ အုန်းဆွဲဖို့/ မဆွဲဖို့ လမ်းညွှန်ပြောဆို မှာ မဟုတ်ဘူးနော။ ကိုယ်တိုင်လုပ်သင့်/မလုပ်သင့် နားလည်အောင် ပြောပြပေးမှာ ဖြစ်လို့}} ကျွန်ုပ်စကားပင် မဆုံးလိုက် ..
]]ရပါတယ်ဆရာ ပြောဆိုလမ်းညွှန်ရမှာ ဆရာ့တာဝန်၊ ကျန်တာကတော့ ကျွန်တော်တို့ အပိုင်းပေါ့}}
]]ကဲ ..မမူမူ ဘာတွေများ ထွေထွေထူးထူး မေးစရာရှိလဲ ? သိချင်တာ ရှိရင် မေးနော်၊ ဆရာ့ကိုအားမနာနဲ့}}
ကျွန်ုပ်စကားလမ်းကြောင်းဖွင့်ပေးမှ...
ှ ]]အိမ်တွင်း အုန်း ဆွဲတာကို အပြစ်တစ်ခုလိုပြောနေလို့ တကယ်အပြစ်ဖြစ်နေ သလားဆိုတာကို သိချင်တာပါ}} ဟု မမူမူတစ်ယောက် အားတက်သရော ပြန်မေးလေသည်။
]]မမူမူကို စမေးရတော့မှာပဲ၊ မမူမူဘာဖြစ်လို့ အိမ်တွင်းအုန်းဆွဲရတာလဲ}}
]]ကျွန်မမိဘတွေဆွဲလို့ မိဘရိုးရာအနေနဲ့ ဆက်ဆွဲထားတာပါ ဆရာ}}
]]မမူမူမိဘတွေ ရှိသေးလား?}}
]]အဖေ အမေ နှစ်ယောက်လုံး ရှိပါသေးတယ်၊ ဘာဖြစ်လို့လည်း ဆရာ}}
]]မမူမူမိဘတွေဆီသွား ကျန်တဲ့မိသားစု သားသမီးတွေပါခေါ်သွား တရိုတသေတလေးတစားနဲ့ မေးကြပါ}}
--- ]]ဘာတွေမေးရမှာလည်း ဆရာ..}}
]]အဖေနဲ့အမေရှင့် အိမ်တွင်းအုန်းကို ဘယ်ခေတ် ဘယ်ကာလက ဘယ်လူမျိုးစုတွေကို ဆွဲခိုင်းခဲတာလည်း၊ အဲဒီမိသားစုတွေထဲမှာ ကျွန်မတို့ မိသားစု တွေပါနေလား၊ ပါနေတယ်ဆိုရင် အုန်းသီးဆက်ဆွဲရင် ဘာဖြစ်မလဲ၊ ဆက်မဆွဲရင် ဘာဖြစ်မလဲ}} ဆိုတာမေးပေါ့။
]]ကျွန်မတို့ မိဘတွေလည်း သေသေချာချာ သိပုံမရပါဘူးဆရာ}}
]]ဒါဆိုရင်လည်း မမူမူနဲ့ အမေးအဖြေ လုပ်လိုက်တာ ပိုအဆင်ပြေတာပေါ့}}
]]ဟုတ်ကဲ့မေးပါ ..ဆရာ}}
]]မမူမူဆွဲထားတဲ့ အုန်းသီးထဲမှာ ဘယ်နှစ်ယောက်ရှိနေမယ်ထင်လဲ}}
မမူမူ တစ်ယောက် ကျွန်ုပ်အမေးကို ပြန်မဖြေသေးပဲ ကြောင်အမ်းအမ်းဖြစ်နေရာမှ
]]ဒါတော့ ကျွန်မ သတိမထားမိ အဲ .. ကျွန်မ မသိဘူးဆရာ ...}}
]]အဲဒါသာကြည့်ပေတော့ ကိုမင်းမင်းရေ၊ မေးလိုက်ရင် (၁၀)ယောက်မှ (၈)ယောက်က ဒီအတိုင်းဘဲ။ ဘာမှရေရေရာရာ မသိရှာကြဘူး}}
]]ဟုတ်တယ် ဆရာ .. ကျွန်တော်လေ မူမူ့ကိုပြောမရလို့ ကြည့်နေရတာ အခုဟာက အိမ်အပြောင်းအရွှေ့နဲ့ ကြုံနေတော့ အရင်က ကျွန်တော့်ကို ဆရာပြော ထားတဲ့ (အိမ်ပြောင်းရင် သယ်မသွားနဲ့) ဆိုတဲ့ စကားကို သတိရလို့ မူမူ့ပါ တခါတည်း ခေါ်လာတာဆရာ}}။

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-