((( ဗုဒ္ဓဟူးသားသမီးများ တစ်သက်တာထီပေါက်ကိန်း)))




(((  ဗုဒ္ဓဟူးသားသမီးများ တစ်သက်တာထီပေါက်ကိန်း)))
..............................................
ဒီနေ့တော့ ဗုဒ္ဓဟူးသားသမီးတွေ တသက်တာထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်း နဲ့ တွေ့ကြုံမယ့်နှစ်တွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့်       (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်။
၂။ မိမိမရဏဂြိုလ်နဲ့ လွတ်ကင်းချိန်။
၃။ ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။ (၄၆ မှ ၈၅နှစ်အတွင်း ဘုမ္မိကြီးနယ်)
၎။ အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန် ရှုပ်ထွေးမှုများ မပြု လုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်၊
၆။ မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေးရတနာ အစရှိသည်များကို ယာယီ လက်ခံထားမှုမပြုခြင်းစတဲ့အချက်များနဲ့ ညီညွတ်နေချိန်ကာလများမှာ ထီထိုးပါလို့ အကြံÓဏ် ပေးရမှာပေါ့။-
ဗုဒ္ဓဟူးသားသမီးများအသက် (၂၂-၂၃) (၃၀-၃၁) (၃၈-၃၉) (၄၆-၄၇) (၅၄-၅၅) (၆၂-၆၃) (၇၀-၇၁) ゞင်းအသက်အပိုင်းအခြားများတွင် ထီပေါက်သကဲ့သို့ ငွေဝင်ရန် အကြောင်း ရှိသောကြောင့် ထီထိုးခိုင်းခြင်းဖြစ်ပါတယ်။ ထီထိုးရမည့် အချိန်အခါသည် မိမိစိတ်ကြည်ကြည် လင်လင်ရှိနေသော အချိန်တွင် နီးစပ်ရာဆိုင်တွင် ထီထိုးရန်သာဖြစ်တယ်။
လောကဓံပညာအရ (ပဿာံ=ချီးမွမ်းခံရခြင်း=မာနနယ်)ရောက်နေသော်လည်း မရဏဂြိုလ်နှင့် တိုက်ဆိုင်နေ၍
(၁၉၃၈ - ၁၉၄၅ - ၁၉၅၂ - ၁၉၅၂ - ၁၉၅၉ - ၁၉၆၆ - ၁၉၇၃ - ၁၉၈၀ - ၁၉၈၇ - ၁၉၉၄ - ၂၀ဝ၁ ၂၀ဝ၈ - ၂၀၁၁ - ၂၀၂၂) ခုနှစ်များတွင်မွေးဖွားသော (၅)ြွကင်း ဗုဒ္ဓဟူးသားသမီးများ အတွက် အသက် (၂၂-၃၀) (၃၈-၄၆) (၅၄-၆၂)နှစ်များသည် (မရဏ)နှင့် ကြုံနေ၍ (အင်း + ဝ)အတွင်း ရန်ပါ ကြုံနေသဖြင့် ဗုဒ္ဓဟူးသားသမီးများအတွက် ゞင်းအသက်များတွင် ထီပေါက်ရန် ခက်ခဲနေပြန်တယ်။ ထီပေါက်ခဲ့သော် ゞင်းငွေဝင်လာသည်နှင့် မိမိကိုယ်တိုင် အိမ်ထောင်ရေး ပဋိပက္ခပြဿနာများ ပေါ်ပေါက်တတ်ခြင်း၊ ကျန်းမာရေးတွင် -ခန္ဓာကိုယ်အတွင်းရောဂါများ ဖြစ်ပေါ်လာပြီး လူသေရင်သေ လူမသေရင် ဘဝသေသည်အထိ ဒုက္ဓမျိုးစုံကြုံ၍ စိတ်သောက များစွာဖြင့် ゞင်းငွေကြေးများ ပြန်လည်ကုန်ကျ သွားတတ်တယ်။ အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာဘဲ။
လောကဓံပညာအရ (လာဘော - လာဘ်ရခြင်း+မာနနယ်) ဖြစ်နေသော်လည်း(မရဏ) ဂြိုလ်နှင့် တိုက်ဆိုင်နေ၍
(၁၉၃၉ - ၁၉၄၆ - ၂၉၅၃ - ၁၉၆၀ - ၁၉၆၇ - ၁၉၇၄ - ၁၉၈၁ - ၁၉၈၈ - ၁၉၉၅ - ၂၀ဝ၂) ခုနှစ်များ တွင်မွေးဖွားသော (၆)ြွကင်း  ဗုဒ္ဓဟူးသားသမီးများအတွက် အသက် (၂၃-၃၁) (၃၉-၄၇) (၅၅-၆၃) နှစ်များသည် (မရဏ)နှင့် ကြုံနေပြီး (၃)ချောင်းထောက် ဘုမ္မိကြီး ကျရောက်နေသောကြောင့် ဗုဒ္ဓဟူးသားသမီးများအတွက် (လာဘော) လောကဓံတွင် -  ထီပေါက်ရန် ခက်ခဲနေပြန်သည်။ ထီပေါက်ခဲ့သော် ゞင်းငွေများ စိတ်သောကများစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင် ကျန်းမာရေးကြောင့် လည်းကောင်း၊ ငွေကြေးအမှုအခင်း ကြောင့် ၄င်းငွေကြေးများ ပြန်လည်ကုန်ကျသွားတတ်တယ်။ လူသေလျှင်သေ မသေလျှင် ဘဝ သေတတ်တယ်။ အကောင်း ထဲမှ အဆိုးနှစ်ဟု ဆိုရမှာပဲ။
-သတိထားရမယ့်အချက်က ဘယ်အသက်အပိုင်းအခြားမဆို ထီထိုး၍ ရပါတယ်။ သို့သော် (လောကဓံ) ပညာအရ ကြည့်မယ်ဆိုလျှင် ကံဇာတာညံ့ချိန် (ပျက်ချိန်)ဟု သတ်မှတ်ထားသော (လောကဓံအဆိုး ၄ နှစ်တွင်)ထီထိုးသော်လည်း ထီပေါက်ခဲ့သည့် ၄င်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်းကြောင့်၊ ငွေဝင်သည်မှန်သော်လည်း ငွေဝင်ပြီးမှ တွေ့လာ မယ့် ဒုက္ခများမှ လွတ်ကင်း သက်သာစေရန် (လောကဓံ)ပညာအရ (၈)နှစ်မှာ တစ်ကြိမ်ကြုံသည့် (မာနနယ်)ဖြစ်သော = ပဿာံ + လာဘော ချီးမြှင့်မြှောက်စားခံရခြင်း + (ငွေကြေးပြေွါကယ်ခြင်း) ဟု သတ်မှတ်ထားသော ကံကောင်းနေသော အသက်အပိုင်းအခြားများအား ရွေးချယ်ပေးလိုက် ရခြင်း ဖြစ်တယ်။ ဒီနေ့တော့ ဒီမှာပဲ ရပ်နားလိုက်ကြပါစို့။

ငါသိသလို သိကြပါစေဟုငါ၏ရင်မှာဖြစ်၏။
ဤမှန်သော သစ္စာစကားကြောင့် ...

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-