((( လောကဓံပညာဖြင့် တနင်္ဂနွေ-သားသမီးများ တစ်သက်တာထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်း)))
((( လောကဓံပညာဖြင့် တနင်္ဂနွေ-သားသမီးများ
တစ်သက်တာထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်း)))
.............................
} ]]-ထီဆိုတဲ့ ဝေါဟာရနဲ့ ထီကစားနည်းက ဟိုးယခင်က ဆရာတို့ မြန်မာပြည်မှာ တရားဝင် မရှိခဲ့ပါဘူး၊ အင်္ဂလိပ်တွေအုပ်ချုပ်တဲ့ အချိန်အခါရောက်မှ ပေါ်ပေါက်လာတဲ့ ကိစ္စ တစ်ခု ဖြစ်တာကြောင့် ရှေးယခင်က ဗေဒင်ပညာအရ ငွေဝင်ကိန်းကို ခေတ်နဲ့ညီအောင် ထီခေတ် ရောက်လာလို့ ထီပေါက်ကိန်းလို့ ခေါ်ဝေါ်သုံးစွဲလာကြတာ သဘာဝကျပါတယ်။ ဒီဘက် ခေတ်မှာတော့ ထီနဲ့ပတ်သက်တဲ့ ဗေဒင်ကျမ်းတွေတော်တော်များများတွေ့လာရတယ်။ အထူးသဖြင့် လူသိများတာကတော့ ပျဉ်းမနား ဆရာသန်းမောင်ရဲ့ စာအုပ်ပဲ။ ကဲ ဒီလောက် ဆိုရင် ထီနဲ့ ဗေဒင်အကြောင်းအနည်းအကျဉ်း သိလောက် ရောပေါ့။ ဆရာ့လောကဓံပညာနဲ့ ခေတ်နဲ့အညီ ထီပေါက်ကိန်း (ခေါ်) ၇ နေ့သားသမီးများ (ငွေ အလုံးအရင်းဖြင့် ဝင်နိုင်သော ထီပေါက်နိုင်သည့် အသက်အပိုင်းအခြားများကို ပြောပြသွားပါမယ်}}
လောကဓံပညာဖြင့် ထီပေါက်နိုင်သည့် ကာလအပိုင်းအခြားများ
တနင်္ဂနွေသားသမီးများ - အသက် (၁၇-၁၈)၊ (၂၅-၂၆)၊ (၃၃-၃၄)၊ (၄၁-၄၂)၊ (၄၉-၅၀)၊ (၅၇-၅၈)၊ (၆၅-၆၆) ၄င်းအသက်အပိုင်းအခြားများတွင် ထီပေါက်သကဲသို့ ငွေ အထုတ်အထည် နှင့်ဝင် ရန်အကြောင်းရှိသောကြောင့် ထီထိုးခိုင်းရခြင်းဖြစ်ပါတယ်။ ထီထိးရမည့် အချိန်အခါ သည် မိမိစိတ် ကြည်ကြည်လင်လင်ရှိနေသောအချိန်တွင် နီးစပ်ရာဆိုင်တွင် ထီထိုးရန် သာဖြစ်ပါ တယ်။ လောကဓံမူအရ ကြည့်မယ်ဆိုရင် (ပဿာံ = ချီးမွမ်းခံရခြင်း + မာနနယ်) ရောက်နေပေ မယ့် (မရဏ)ဂြိုလ်နှင့် ကြုံနေ၍(၁၉၃၈ - ၁၉၄၅ - ၁၉၅၂ - ၁၉၅၉ - ၁၉၆၆ - ၁၉၇၃ - ၁၉၈၀ - ၁၉၈၇ - ၁၉၉၄ - ၂၀ဝ၁ - ၂၀ဝ၈ - ၂၀၁၅ - ၂၀၂၂) ခုနှစ်များတွင်မွေးဖွားသော (၅)ြွကင်း တနင်္ဂနွေသားသမီးများ အတွက် အသက် (၁၇-၂၅-၃၃)(၄၁-၄၉-၅၇-၆၅-၇၃)နှစ်များသည် (ပဿာံ လောကဓံ)တွင် (မရဏ)နှင့် ကြုံနေ၍ ထီပေါက်ရန် ခက်ခဲနေပြန်တယ်။ ゞင်းငွေကြေးများ၊ စိတ်သောကများစြွာ ဖင့် ပြန်လည်ကုန်ကျ တတ်ခြင်း၊ မိမိကိုယ်တိုင် အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက်တတ် ခြင်း၊ ကျန်းမာရေးတွင် ဦးခေါင်း၊ ဆီးလမ်းကြောင်း၊ အစာအိမ်ရောဂါများ ဖြစ်ပေါ်လာပြီး ၄င်းငွေကြးများ ပြန်လည်ကုန်ကျ သွားတတ် တယ်။ (အကောင်းထဲမှ အဆိုးနှစ်ဟု ဆိုရမှာပေါ့။)
လောကဓံမူအရကြည့်မယ်ဆိုလျှင် လာဘော - လာဘ်ရခြင်း+မာနနယ်) ရောက်နေ ပေမယ့် (မရဏ) ဂြိုလ်နှင့် တိုက်ဆိုင်နေ၍
(၁၉၃၉ - ၁၉၄၆ - ၂၉၅၃ - ၁၉၆၀ - ၁၉၆၇ - ၁၉၇၃ - ၁၉၈၁ - ၁၉၉၈ - ၁၉၉၅ -၂၀ဝ၂ - ၂၀ဝ၉ - ၂၀၁၆ - ၂၀၂၃)ခုနှစ်များတွင်မွေးဖွားသော (၆)ြွကင်း တနင်္ဂနွေသား သမီးများအတွက် (လာဘော လောကဓံ) တွင် (မရဏ ကျနေသောကြောင့် အသက(၁၈-၂၆) (၃၄-၄၂) (၅၀-၅၈) (၆၆-၇၄)နှစ် များတွင် ထီပေါက်ရန် ခက်ခဲနေပြန်သည်။ ထီပေါက်ခဲ့သော် ゞင်းငွေများ၊ စိတ်သောကများစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်း၊ မိမိကိုယ်တိုင် ကျန်းမာရေးကြောင့် လည်းကောင်း၊ ငွေကြေး အမှုအခင်းကြောင့် သော်လည်းကောင်း၊ ပြန်လည် ကုန်ကျသွားတတ်တယ်။ အကောင်းထဲမှ အဆိုးနှစ် ဟု ဆိုရမှာပဲ၊ တခြား တနင်္ဂနွေသားသမီး များကဲ့သို့ ထင်သလောက် ကံမကောင်းနိုင်သေးဘူး (ကျန်နေသော တနင်္ဂနွေသားသမီးများ ကံကောင်းနေမည်ဖြစ်ပေသည်)
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့် (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်။
၂။ မိမိမရဏဂြိုလ်နဲ့ လွတ်ကင်းချိန်။
၃။ ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။ (၂၉ မှ ၄၆နှစ်အတွင်း ဘုမ္မိကြီးနယ်)
၎။ အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန် ရှုပ်ထွေးမှုများ မပြု လုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်၊
၆။ မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေးရတနာ အစရှိသည်များကို ယာယီ လက်ခံထားမှု မပြုခြင်း စတဲ့အချက်များနဲ့ ညီညွတ်နေချိန်ကာလများမှာ ထီထိုးပါလို့ အကြံÓဏ် ပေးရမှာပေါ့။------မှတ်ထားရမှာက ။ ။ မည်သည့်အသက်အပိုင်းအခြားမဆို ထီထိုး၍ ရပါတယ်။ သို့သော် (လောကဓံ) ပညာအရ ကြည့်မယ်ဆိုလျှင် ကံဇာတာညံ့ချိန် (ပျက်ချိန်)ဟု သတ်မှတ်ထားသော် (လောကဓံအဆိုး ၄ နှစ်တွင်)ထီထိုးသော်လည်း ထီပေါက်ခဲ့သည့် ၄င်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်းကြောင့်၊ ငွေဝင်သည်မှန်သော်လည်း ငွေဝင်ပြီးမှ တွေ့လာ မယ့် ဒုက္ခများမှ လွတ်ကင်း သက်သာစေရန် (လောကဓံ)ပညာအရ (၈)နှစ်မှာ တစ်ကြိမ်ကြုံသည့် -
(လောကဓံအဆိုး ၄ နှစ်တွင်)ထီထိုးသော်လည်း ထီပေါက်ခဲ့သည့် ၄င်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်းကြောင့်၊ ငွေဝင်သည်မှန်သော်လည်း ငွေဝင်ပြီးမှ တွေ့လာ မယ့် ဒုက္ခများမှ လွတ်ကင်း သက်သာစေရန် (လောကဓံ)ပညာအရ (၈)နှစ်မှာ တစ်ကြိမ်ကြုံသည့် (မာနနယ်)ဖြစ်သော = ပဿာံ + လာဘော ချီးမြှင့်မြှောက်စားခံရခြင်း + (ငွေကြေးပြေွါကယ်ခြင်း) ဟု သတ်မှတ်ထားသော ကံကောင်းနေသော အသက်အပိုင်းအခြားများအား ရွေးချယ်ပေးလိုက် ရခြင်း ဖြစ်ပါတယ်။ ကဲ ဆရာအချိန်လည်း ပြည့်ပြီဖြစ်လို့ နောက်နေ့မှဘဲ ကျန်တဲ့နေ့သားသမီးရဲ့ ထီပေါက်ကိန်းကို ဆက်ပြောကြတာပေါ့ အားလုံးဘဲ မင်္ဂလာပါ။}}
]]မင်္ဂလာပါ ဆရာ}}
ငါသိသလို သိကြပါစေဟု---ငါ၏ရင်မှာဖြစ်၏။
ဤမှန်သောသစာစကားကြောင့်...။

Comments
Post a Comment