(((--လောကဓံပညာနှင့် (၇)နေ့သားသမီးများ တစ်သက်တာ ငွေဝင်ကိန်း (သို့မဟုတ်) ထီပေါက်ကိန်း-)))
-(((--လောကဓံပညာနှင့် (၇)နေ့သားသမီးများ တစ်သက်တာ ငွေဝင်ကိန်း (သို့မဟုတ်) ထီပေါက်ကိန်း-)))
.....................................
]]လောကဓံမူအရ ... လူတစ်ယောက် ထီပေါက်ကိန်းရယ်လို့ သီးသန့်မရှိပါဘူး။ ထီပေါက် သကဲ့သို့ ငွေအလုံးအရင်းနဲ့ ဝင်နိုင်သည်ဟုသာ ဟောပြောနိုင်မှာ ဖြစ်ပါတယ်။း ထီပေါက်ကိန်းဆိုတာ ကမ္ဘာမှာတော့ မပြောတတ်ဘူး ...၊ ရှေးခေတ်က ဆရာတို့ မြန်မာပြည် ဗေဒင်ကျမ်းတွေမှာတော့ ထီပေါက်ကိန်းဆိုတာ ဆရာတော့ တစ်ကြိမ်တစ်ခါမှ မတွေ့မိပါဘူး ... ဆရာ့အနေနဲ့ ထီနဲ့ ပတ်သက်လို့ လက်လှမ်းမီသမျှ အမျိုးမျိုးလေ့လာကြည့်တဲ့အခါ ...
ထီပေါက်ကိန်းဆိုတာ ဘယ်လိုကိန်းမျိုးလဲ၊ ဆရာတို့ မြန်မာတွေအနေနဲ့ကြည့်မယ်ဆိုရင် ဗေဒင်ပညာရပ်သည် ဘုရားမပွင့်မီ နှစ်ပေါင်းများစွာကတည်းကပင် ပေါ်ပေါက်နေသော ပညာရပ် ဖြစ်နေသည်ကို တွေ့ရှိရလေသည်။ ထိုထိုသော ခေတ်ကာလ ... အချိန်ကာလ တွေက တို့မြန်မာပြည်က ဗေဒင်ပညာရှင်တွေ ထီပေါက်ကိန်းကို ဘယ်လိုဟောခဲ့ကြသလဲ ဆိုတာကို ပထမစဉ်းစားမိတယ်။ အဲဒီခေတ်မှာ မြန်မာပြည်မှာ ထီဆိုတာ မရှိသေးဘူးနော်}}
]]ထီဆိုတာ ...အဲဒီခေတ်ကတည်းက ရှိနေတာပဲ မဟုတ်လားဆရာ--------- ]]ထီဆိုတဲ့ ဝေါဟာရနဲ့ ထီကစားနည်းက ဟိုးယခင်က ဆရာတို့ မြန်မာပြည်မှာ တရားဝင် မရှိခဲ့ပါဘူး၊ အင်္ဂလိပ်တွေအုပ်ချုပ်တဲ့ အချိန်အခါရောက်မှ ပေါ်ပေါက်လာတဲ့ ကိစ္စတစ်ခု ဖြစ်တာကြောင့် ရှေးယခင်က ဗေဒင်ပညာအရ ငွေဝင်ကိန်းကို ခေတ်နဲ့ညီအောင် ထီခေတ် ရောက်လာလို့ ထီပေါက်ကိန်းလို့ ခေါ်ဝေါ်သုံးစွဲလာကြတာ သဘာဝကျပါတယ်။ ဒီဘက် ခေတ်မှာတော့ ထီနဲ့ပတ်သက်တဲ့ ဗေဒင်ကျမ်းတွေတော်တော်များများတွေ့လာရတယ်။ အထူးသဖြင့် လူသိများတာကတော့ ပျဉ်းမနား ဆရာသန်းမောင်ရဲ့ စာအုပ်ပဲ။ ကဲ ဒီလောက် ဆိုရင် ထီနဲ့ ဗေဒင်အကြောင်းအနည်းအကျဉ်း သိလောက် ရောပေါ့။ ဆရာ့လောကဓံပညာနဲ့ ခေတ်နဲ့အညီ ထီပေါက်ကိန်း (ခေါ်) ၇ နေ့သားသမီးများ (ငွေ အလုံးအရင်းဖြင့် ဝင်နိုင်သော ထီပေါက်နိုင်သည့် အသက်အပိုင်းအခြားများကို ပြောပြသွားပါမယ်}}
လောကဓံပညာဖြင့် ထီပေါက်နိုင်သည့် ကာလအပိုင်းအခြားများ
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့် (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်---လောကဓံပညာဖြင့် ထီပေါက်နိုင်သည့် ကာလအပိုင်းအခြားများ
၁။ လောကဓံပညာအရ အကောင်းဂြိုဟ်ခွင်များဖြစ်တဲ့ (ယသော + သုခံ + ပဿာံ + လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူးသဖြင့် (ပဿာံ + လာဘော လောကဓံ)နှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာတွေ့ရတယ်-
၂။ မိမိမရဏဂြိုလ်နဲ့ လွတ်ကင်းချိန်။
၃။ ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။
၎။ အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း ဖောက်ပြန် ရှုပ်ထွေးမှုများ မပြု လုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်၊
-(လောကဓံအဆိုး ၄ နှစ်တွင်)ထီထိုးသော်လည်း ထီပေါက်ခဲ့သည့် ၄င်းငွေကြေးများ၊ စိတ်သောက များစွာဖြင့် ပြန်လည် ကုန်ကျတတ်ခြင်းကြောင့်၊ ငွေဝင်သည်မှန်သော်လည်း ငွေဝင်ပြီးမှ တွေ့လာ မယ့် ဒုက္ခများမှ လွတ်ကင်း သက်သာစေရန် (လောကဓံ)ပညာအရ (၈)နှစ်မှာ တစ်ကြိမ်ကြုံသည့် (မာနနယ်)ဖြစ်သော = ပဿာံ + လာဘော ချီးမြှင့်မြှောက်စားခံရခြင်း + (ငွေကြေးပြေွါကယ်ခြင်း) ဟု သတ်မှတ်ထားသော ကံကောင်းနေသော အသက်အပိုင်းအခြားများအား ရွေးချယ်ပေးလိုက် ရခြင်း ဖြစ်ပါတယ်။ ကဲ ဆရာအချိန်လည်း ပြည့်ပြီဖြစ်လို့ နောက်နေ့မှဘဲ ကျန်တဲ့နေ့သားသမီးရဲ့ ထီပေါက်ကိန်းကို ဆက်ပြောကြတာပေါ့ အားလုံးဘဲ မင်္ဂလာပါ။}}
]]မင်္ဂလာပါ ဆရာ}}-
ငါသိသလို သိကြပါစေဟု-ငါ၏ရင်မှာဖြစ်၏။-ဤမှန်သော သစ္စာစကားကြောင့် ...
--
-

Comments
Post a Comment