(((-လောကဓံပညာနှင့် (၇)နေ့သားသမီးများ တစ်သက်တာ ငွေဝင်ကိန်း (သို့မဟုတ်) ထီပေါက်ကိန်း-)))-
........................................
]] ဆရာ . . . ထီပေါက်ကိန်းနဲ့ပတ်သက်ပြီး လောကဓံပညာနဲ့ ဆရာ့အမြင်၊ ဆရာ့အယူအဆတွေကို ပြောပြမယ်ဆို}}
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့ ဘက်မုဒ်၊ သမဝါယမဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များအသင်း (အခမဲ့) ဗေဒင် ပညာသင်တန်းမှ သင်တန်းသားများ၏ မေးမြန်းသံများဖြစ်သည်။
]]ထီနဲ့ပတ်သက်လို့ သင်တန်းအပတ်စဉ် တန်းခွဲတိုင်းမှာ မေးလေ့ရှိသည့် မေးခွန်းပါ ...။ ထီပေါက်ကိန်းနှင့်ပတ်သက်ပြီး ဟောပြောတွက်ချက်ပေးနေကြသော ထီပေါက်မည့် နံပါတ်၊ ထီပေါက်မည့်အကြိမ်ရေ၊ ထီထိုးရမည့်နေ့၊ ဝတ်ဆင်ရမည့်အဝတ်အစား၊ အရောင် အသွေး၊ ထီသွားထိုး ရမည့်အရပ်ဒေသ၊ ထီဆိုင်အမည်၊ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာအရ ပြုလုပ်ရမည့် ကုသိုလ် ကောင်းမှု၊ အလှူဒါန စသည့် ...ထီနဲ့ပတ်သက်တဲ့လမ်းညွှန်ထားကြတဲ့ အကြောင်းအရာတွေကိုတော့ သိပြီးသားဖြစ်မှာပါ။-
-]]ဟုတ်ကဲ့..၊ ထီနဲ့ပတ်သက်တဲ့ နည်းစနစ်တွေကို တော်တော်များများသိထားပြီး ကြပါပြီ။ အခု ထီနဲ့ပါတ်သက်တဲ့ ဆရာ့ပညာနဲ့ ဆရာ့အယူအဆကို သိချင်ကြလို့ပါ ...ဆရာ}}
]]တခြားတန်းခွဲတွေသင်ကြားစဉ်အခါကလည်း မေးလေ့မေးထရှိတဲ့ မေးခွန်းကောင်း လေး တစ်ခုပဲ}}
]]ဘယ်လို မေးခွန်းမျိုးလဲဆရာ}}
]]သူတို့မေးကြတဲ့ မေးခွန်းလေးက ထီပေါက်မယ့် ထီနံပါတ်၊ အကြိမ်ရေတွေ အဲ့ဒီလောက် သေသေချာချာ သိနေပါရဲ့နဲ့ အဲဒီထီနံပါတ်တွက်ပေးတဲ့ ထီဆရာ သူကိုယ်တိုင်ဘာဖြစ်လို့ ထီမထိုးတာလဲ မသိဘူး}}ဆိုတဲ့ မေးခွန်းလေးပဲ။
ကျွန်ုပ်စကားသံလည်းဆုံးရော သင်တန်းသားတွေထံမှ ဘာသံမှမကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရာမှ တိုးတိုး တိုးတိုးနဲ့ စကားသံတွေ ပြန်ထွက်လာတယ်။ ပထမဦးဆုံး စတင် အသံထွက်လာတာကတော့ တောင်ဒဂုံစက်မှုဇုံ ၊ဆိုဖာ (ဆက်တီ)လုပ်ငန်းဦးစီး လုပ်ကိုင် နေတဲ့ မောင်နေလင်းထွန်းမှ -
]]သူတို့မေးတဲ့ မေးခွန်းက တော်တော်ကောင်းတာပဲ၊ အဲဒီမေးခွန်းကို ဆရာဘယ်လို ပြန်ဖြေ လိုက်လဲဆရာ}}ဟု မေးလိုက်မှ သင်တန်းသားတွေ လှုပ်လှုပ်ရွရွဖြစ်လာတယ်။
]]ဟုတ်တယ် ...ဆရာ၊ သိပ်ကောင်းတဲ့ မေးခွန်းပဲ၊ ဆရာဘယ်လိုဖြေလိုက်လဲ ဆရာ}}ဟူ၍ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံသွားတော့တာပါပဲ။ ကျွန်ုပ်လည်း ခေတ္တ ခဏ စဉ်းစားပြီး -
]]သူတို့မေးကြတာက အရပ်ပြောပြောတယ်ခေါ်တယ်။ ပညာရှင်အပိုင်းက တစ်မျိုး ရှိပါလိမ့် မယ်...ဒါကြောင့် ဟုတ်နိုင်၏၊ မဟုတ်နိုင်၏၊ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ကို ကိုယ်တိုင်ပဲ စဉ်းစားကြပါ အရပ်ကတို့လို့ ပြောရဆိုရမလို ဖြစ်နေပြီလို့ ဆရာက ပြန်ဖြေလိုက်ရတာပေါ့}}
----]]ဟာ ...ဆရာကလည်း ကျွန်တော်တို့က တကယ်ဖြေမယ်ထင်ပြီး နားထောင်လိုက် ရတာ ဆရာရယ်}}
]]ကဲ ...အခု၊ ဆရာပြောပြမှာက ထီနဲ့ပတ်သက်တဲ့ ဆရာဟောပြောအသုံးပြုနေတဲ့ လောကဓံ ပညာနဲ့ ဆရာ့အမြင်၊ ဆရာ့အယူအဆတွေကို ပြောပြမှာပါ။ ဆရာပြောတာတွေကို ယုံကြည်လက်ခံဖို့ ပြောတာမဟုတ်ဘူးနော် ...စဉ်းစားတွေခေါ်လေ့လာဆန်းစစ် သုတေသန ပြုဖို့ ပြောပြတာဖြစ်တယ်}}
]]ဟုတ်ကဲ့ .. ပြောပြပါဆရာ}}

Comments
Post a Comment