(((-ကိုယ်တွေ့ ပသာံ + လာဘော - လောကဓံနှင့် ငွေဝင်ကိန်း (သို့မဟုတ်) ထီပေါက်ကိန်း-)))

(((-ကိုယ်တွေ့ ပသာံ + လာဘော - လောကဓံနှင့်


 ငွေဝင်ကိန်း (သို့မဟုတ်) ထီပေါက်ကိန်း-)))
..........................................
မှတ်မှတ်ရရ သည်နေ့သည်ကား - ၂၀၁၃ - ဩဂုတ်လ - ၂ ရက် ။ နံနက် (၉းဝ၀)နာရီခန့် .....
]]ဒီအခန်း ဗေဒင်ဆရာရှိလား မသိဘူး}} ဟူသောအသံကြောင့် မနေ့တစ်နေ့က ထိုးထား တဲ့ ထီစာရွက်တွေကို ကြည့်နေရာမှ အသံလာရာဆီသို့ ကြည့်လိုက်ရာ မိုးကောင်းဘုရား ကားမှတ်တိုင် (မြစိမ်းတောင်)ထီဆိုင်မှဖြစ်နေသည်ကို တွေ့လိုက်ရ၍ သွားတွေ့လိုက်သည်။
]]ဟာ ...ဆရာ ကျွန်တော့်ဆိုင်မှာ ထီ တွတ် (၂)ခုဝင်နေတယ်ဆရာ}}
]]ဟုတ်လား ...ကျွန်တော်လည်း ဘာရယ်လို့မဟုတ်ပါဘူး။ ထီလက်မှတ်လေးတြွေ ပြန်ကြည့်ရင်း ထီဆုတွေ ခွဲထားတဲ့ပုံစံလေးတွေ ကြည့်နေတာ ဘယ်လိုဆုတွေတွတ်ပါနေတာ လည်းဗျ}}
]]သိန်း - ၁၅၀ဝ မှာ အက္ခရာတူ ရှေ့နှစ်လုံးတူနဲ့ အက္ခရာတူ ရှေ့ (၃)လုံးတူပါနေတာ ဆိုတော့ (၁)သိန်းဆု နဲ့ (၅)သောင်းဆု (၂)ဆုပေါ့ဆရာ နေ့လည်လောက်ဆို လာထုတ်လို့ ရပြီနော်ဆရာ ထီလက်မှတ်လေးလည်း မေ့မနေနဲ့ဦးနော်}}ဟု ပြောပြောဆိုဆို ပြန်သွားလေသည်။ သူပြန်သွားမှ ဪသာ် ...ပသာံ/လာဘောမှာ ထီထိုးထားတာ တကယ်တွတ်ဝင်နေပါလား ဆိုတဲ့ အတွေးနဲ့ ထီလက်မှတ်နဲ့ ထီပေါက်စဉ်ကို အကြိမ်ကြိမ်တိုက်နေမိသည်။ ထီဆုပေးတဲ့ သဘောတရားကိုလည်း ခုမှ ရေရေရာရာသဘောပေါက်လိုက်သည်။ ထီတွတ်ဝင်လို့ ဝမ်းသာ--ခြင်းထက် ထီနံပါတ်ဟောစားနေတဲ့ ဗေဒင်ဆရာတွေကို မင်းတို့ ဗေဒင်ဆရာတွေ သူများတော့ ထီနံပါတ်တွေပေးနေပြီး ကိုယ်တိုင်ပေါက်အောင် ထိုးပါလားဆိုတဲ့ စကားလုံးကို ပြန်လည် ချေပ ဖို့နဲ့ ကိုယ်ကိုယ်တိုင်ထီနံပါတ်မဟောပါ) ကိုယ်တိုင်ဗေဒင်သင်တန်းမှာ သင်ကြားပေးခဲ့စဉ်က (၇)နေ့သားသမီး တစ်သက်တာ ထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်းဆိုပြီး သင်လည်းသင် ဓနသိဒ္ဓိဂျာနယ်မှလည်း ဆောင်းပါးတွေရေးခဲ့ပြီးပါပြီ။ မကြာမီ ((၇)နေ့သားသမီးများ တစ်သက်တာ ထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်းနှင့် ထုတ်-ယောက်-ဒိုင်း-မျှား-လှေခါး စသည့် သဘာဝပညတ်များနှင့် အိမ်၊ ခြံ၊ မြေ၊ တိုက်၊ ကား ရောင်းဝယ်ခြင်း၊ လူဝင်လာစေသော နည်း/လူထွက်သွားစေသောနည်း)စာအုပ်ကို ထုတ်ဝေတော့မည်ဖြစ်ပါသည်။
ထီထိုးဖြစ်ပုံကလည်းကြည့်လေ တပည့်ဖြစ်သူမောင်ရာဇာမှ
]]ဆရာ့ဆရာကြီး ဆရာကြီး ဦးကြာမြင့်က ကိုယ်တိုင်ထီပေါက်အောင်ထိုးပြီး သေမည့်နှစ်ကို ကြိုပြောသွားကြောင်း ဆရာရေးထားပြီးပြီနော။ ဆရာကိုယ်တိုင်လည်း ထီပေါက်အောင် ထိုးပြပြီး သေမည့်နှစ်ကို ကြိုပြောပြမသွား/ရေးပြသွားရင်မကောင်းဘူးလား ဆရာ}}
]]၂၀၁၃ မှာ ဓနသိဒ္ဓိစာစောင်မှာ သိတတ်တဲ့အချိန်ကနေ သေမယ့်အချိန်အထိ ရေးခဲ့ပြီးပြီလေ}}
]]ကျွန်တော်တောင် မသိလိုက်ပါလားဆရာ}}
]]အေး... ဟုတ်တယ်။ လူတွေ သိပ်မသိလိုက်ကြဘူး။ ဆရာ့အရေးအသား လိုအပ်နေ လို့လည်းဖြစ်နိုင်ပါတယ်။ မကြာခင် ဒီနေရာမှာ တင်ပြသွားမှာပါ။}}
]]ထီပေါက်တဲ့ အကြောင်းပါလားဆရာ}}
]]ထီအကြောင်းတော့ မပါဘူးကွ၊ ငါမှ ထီမပေါက်ဖူးသေးဘဲ၊ ငါက ထီထိုးရမှာ ပျင်းတယ်}}
]]ဒါဆို အတော်ပဲဆရာ၊ ဆရာ ပသာံ/လာဘောမှာ ငွေဝင်ကိန်း (သို့မဟုတ်) ထီပေက်ကိန်းရှိတယ်ဆိုရင် ဆရာ ခု ပသာံ/လာဘော (၂)နှစ်မှာ ထီထိုးကြည့်ပါလားဆရာ}}
]]မောင်ရာဇာရယ် ဒါပဲ ခဏ ခဏ ပြောနေရတာပဲ ဗေဒင်ပညာမှာ ထီပေါက်ကိန်း ဆိုတာ မရှိပါဘူး၊ ငွေဝင်ကိန်းပဲရှိတယ်၊ ထီပေါက်ကိန်းဆိုတာ ဒီဘက်ခေတ်ရောက်ပြီး ထီပေါ်လာမှ ထီပေါက်ကိန်းဆိုပြီး ခေါ်ဝေါ်အသုံးပြုလာကြတာ ဆိုတာလေ၊ ငွေဝင်ကိန်းရှိတယ်ဆိုရင် လုံလောက်ပါပြီ။}}
]]ထီဆိုတာ နဂိုကတည်းက ရှိနေတာမဟုတ်ဘူးလားဆရာ}}
]]ဘယ်ဟုတ်ရမှာလည်း ဆရာတို့မြန်မာတွေအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ဗေဒင်ပညာရပ် ဟာ ဘုရားမပွင့်မီ နှစ်ပေါင်းများစွာကပင် ပေါ်ပေါက်နေသော ပညာရပ်တစ်ခုဖြစ်တယ်။ ထိုထို သော ခေတ်ကာလအချိန်ကာလတွေက တို့မြန်မာပြည်က ဗေဒင်ဆရာတွေ ထီပေါက်ကိန်းကို ဘယ်လိုဟောခဲ့ကြသလည်းဆိုတာကို စဉ်းစားကြည့်လေ။ မြန်မာပြည်မှာ ထီဆိုတာ မရှိသေးဘူး နော်။ အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့အချိန်ရောက်မှ ကိစ္စတစ်ခုဖြစ်တာကြောင့် ရှေးယခင်က ဗေဒင် ပညာအရ ငွေဝင်ကိန်းကို ခေတ်နှင့်ညီအောင်  ထီခေတ်ရောက်လာလို့ ထီပေါက်ကိန်းလို့ ခေါ်ဝေါ်အသုံးပြုလာကြတာ သဘာဝကျပါတယ်။}}
]]ဒါဖြင့်ရင် ထီပေါက်ကိန်းဆိုပြီး ရေးနေ ထုတ်နေကြတဲ့ ဆရာတွေရှိတယ်မဟုတ်လား ဆရာ}}
]]ဒီဘက်ခေတ်မှ ပေါ်လာတာပါ။ ထီနဲ့ပတ်သက်တဲ့ ဗေဒင် စာအုပ်တွေ တော်တော်လေး တွေ့လာရတယ်။ အထူးသဖြင့် လူသိများတာကတော့ ပျဉ်းမနားဆရာ ဦးသန်းမောင်ရဲ့စာအုပ် ပဲ။ ကဲ ဒီလောက်ဆိုရင် ထီနဲ့ ဗေဒင်အကြောင်း အနည်းအကျဉ်း သိလောက်ရောပေါ့။}}
]]လောကဓံပညာအနေနဲ့ ဘယ်အသက်အရွယ်တွေမှာ ထီထိုးသင့်လည်းဆိုတာလေး ပြောပြပါလားဆရာ}}
]]လောကဓံပညာမှာ ခေတ်နှင့်အညီ ထီပေါက်ကိန်း (ခေါ်) ၇ ရက်သားသမီးများ (ငွေ အလုံးအရင်းဖြင့်ဝင်နိုင်သော) ထီပေါက်နိုင်သည့် အသက်အပိုင်းအခြားတွေနဲ့ လိုက်နာရမယ့် အချက်တွေကတော့ ...
(၁) လောကဓံပညာအရ အကောင်းဂြိုလ်ခွင်များဖြစ်တဲ့ (ယသော+သုခံ+ပဿာ+ လာဘော) လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန်၊ အထူး သဖြင့် (ပဿာံ + လာဘော) လောကဓံနှစ်ကွက်မှာ ထီပေါက်သလို ငွေဝင်တာ တွေ့ရတယ်။
(၂) မိမိမရဏဂြိုဟ်နဲ့ လွတ်ကင်းချိန်။
----- (၃) ဘုမ္မိကြီးနယ်အတွင်းမှ လွတ်ကင်းနေချိန်။
(၄) အပျော်အပါး၊ လောင်းစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်းဖောက်ပြန် ရှုပ်ထွေး မှုများ မပြုလုပ်၊ မကျူးလွန်မိခြင်း။
(၅) ဘုမ္မိ + ရန် ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်။
(၆) မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေး၊ ရတနာအစရှိသည်များကို ယာယီ လက်ခံထားမှုမပြုခြင်းစတဲ့အချက်များနဲ့ ညီညွတ်နေချိန်ကာလများမှာ ထီထိုးပါလို့ အကြံÓဏ် ပေးလို့ရမှာပေါ့။
ဆရာက (စနေသား) ဆိုတော့ စနေသားသမီးတွေ ကံကောင်းနေသည့်အသက်များကို ဖော်ပြပေးလိုက်ပါတယ်။ (၂၁-၂၂) (၂၉-၃၀) (၃၇--၃၈) (၄၅-၄၆) (၅၃-၅၄) (၆၁-၆၂) နှစ်တွေ ဖြစ်ပါတယ်။ ဆရာ့အသက် (၅၃/၅၄) နှစ် (ပသာံ/လာဘော)အတွဲမှာ ထီတွက် (၂)ဆုဝင်တာဖြစ်တယ်။}}
(၇)နေ့သားသမီးများ တစ်သက်တာ ထီပေါက်ကိန်း (သို့မဟုတ်) ငွေဝင်ကိန်းများကို ဆက်လက်ရေးသားပါဦးမည်။

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-