-(((-သက်သတ်လွတ်စားခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်းပါ ))) ----(((--သက်သတ်လွတ်စားခြင်း အကျိုးကျေးဇူးများ -)))


-(((-သက်သတ်လွတ်စားခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်းပါ )))
----(((--သက်သတ်လွတ်စားခြင်း အကျိုးကျေးဇူးများ -)))
...........................
အခါကြီးရက်ကြီးများတွင်အပါအဝင်ဖြစ်သော ဝါတွင်းကာလသည်လည်း မြန်မာလူမျိုးများ၊ ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားတဲ့ဝါတွင်းကာလဖြစ်၏။ သံဃာတော်များဝါတွင်းကာလ၌ ဝိနည်းပညတ်ချက်များနှင့် နေထိုင်ရခြင်းတစ်ရပ် လောကီလူသားများအနေဖြင့် အဓိဌာန်အမျိုးမျိုးဝင်ရောက်ကျင့်ကြံခြင်း၊ ဝါတွင်း (၃)လ သာသနာ့ဘောင်ဝင်ရောက်အားထုတ်ခြင်း၊ ယုတ်စွအဆုံးအရက်သမား များပင် ဝါတွင်း၌ အရက်ကို (၃)လဖြတ်ကြ၏။ ထိုအမျိုးအမည်ပေါင်းများစွာ အနက် သက်သတ်လွတ်စားခြင်း အလေ့အထတစ်ခုလည်း အထူးကဏ္ဍအနေဖြင့် ပါဝင်နေပေသည်။
သက်သတ်လွတ်စားခြင်းကို တစ်ချို့က ဘုရားဟောမဟုတ်ဟူ၍ အားမပေးကြ၊ တစ်ချို့ကလည်း သက်သတ်လွတ်စားရခြင်း၏ ကောင်းကျိုးကို အကိုးအကားများဖြင့် များစွာတင်ပြနေကြ၏။ မိမိတို့ကြိုက်နှစ်သက်ရာ အယူအဆတွေကို မည်သို့ပင်ဆိုစေကာမူ (၁၅)နှစ်တာမျှ သက်သတ်လွတ်စား နေခဲ့သူ ကျွန်ုပ်အနေနှင့် ကျွန်ုပ်နှင့်သက်သတ်လွတ်ကောင်းကျိုး၊ ဆိုးကျိုးကို လက်တွေ့ကျကျတင်ပြလိုပါသည်။/
..........
သက်သတ်လွတ်စားခြင်း၏ အကျိုးကျေးဇူးများ......
.......................
� --၁-။သည်းခံစိတ်နှင့် မေတ္တာထားနိုင်ခြင်း။
� -၂-လူ၊ နတ်၊ ဝိဇ္ဇာ သတ္တဝါတို့ချစ်ခင်ခြင်း။
� -၃-နတ်၊ သိကြား၊ ဗြဟ္မာ၊ ဝိဇ္ဇာများ စောင့်ရှောက်ခြင်း။
� -၄-ဂါထာမန္တာန်များ ရွတ်ဆိုရာ၌ အောင်မြင်ပေါက်မြောက် ခရီးရောက်ခြင်း။ �
-၅-လောကုတ္တရာတရားကျင့်ရာ၌ ကိစ္စနည်း၍ ခြိုးခြံရာကျခြင်း။--------
� -၆စိတ်ကိုကြည်လင်စေခြင်း၊ ဆီး ဝမ်း လေကို မှန်စေခြင်း။
� -၇အကုန်အကျသက်သာစေခြင်း၊ အရိုးမစူးခြင်း။----------------------------၈-အညှီအပုပ်အနံ့သက်သာခြင်း။
� -၉-သတ္တဝါတို့မှ ရောဂါမကူးခြင်း။
� -၁၀-အစားအသောက်၌ စွဲလမ်းမှု နည်းပါးလာခြင်း။
� -၁၁-သတ္တဝါတို့အား မေတ္တာထားခြင်းကို လက်တွေ့ပြ
ရာရောက်ခြင်း။
စာဖတ်သူမိတ်ဆွေများအနေဖြင့် ယခု စာပိုဒ်လေးကို ဖတ်ပြီးပြီဖြစ်တဲ့ အတွက် အကျိုးရှိမည်ထင်လျှင် လက်တွေ့ကျကျ အသုံးပြုကြည့်ကြပါရန် အကြံပြုအပ်ပါသည်။
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏၊
ဤမှန်သောသစ္စာစကားကြောင့် ၊
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)
----------

Comments

Popular posts from this blog

-----((( နဝင်း ပညာ-တကယ်အစွမ်းထက်သလား )))။

((( ရုပ် နဝင်းခြုံ ပညာ-)))။

လောကဓံ(အမြင်သစ်)ပညာဖြင့်အိမ်ထောင်ဘက်ရွေးနည်း။ ...... (စနေ)သားသမီးများနှင့်(အင်္ဂါ)သားသမီးများ -----------]]အိမ်ထောင်ဘက်}}ရွေးခြင်း ))-